မင်းသမီးချောလေး မအေးသောင်းကတော့ ချောမောလှပတဲ့ရုပ်ရည်လေးနဲ့အတူ အချိုးအစားပြေပြစ်တဲ့ ခန္ဓာကိုယ်လေးကိုပါ ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ် ။ မအေးသောင်းအနေနဲ့ VCD ခေတ်ကတည်းက သီချင်းဗီဒီယိုလေးတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေကြားမှာ ရေပန်းစားအောင်မြင်ခဲ့တာလည်း ဖြစ်ပါတယ် ။ လတ်တလောမှာဆိုရင် မအေးသောင်းက ကြော်ငြာတွေ၊ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်သရုပ်ဆောင်နေတာ ဖြစ်ပါတယ် ။

Photo Credit-Aye Wuttyi Thaung's FB Page
Photo Credit-Aye Wuttyi Thaung's FB Page
Photo Credit-Aye Wuttyi Thaung's FB Page

တစ်နေ့တခြားဆိုသလို ပိုပိုပြီး အလှတွေတိုးလာတဲ့ မအေးသောင်းက အမြဲတမ်းအရွယ်တင်နုပျိုနေတာလည်း ဖြစ်ပါတယ်။ လက်ရှိ Stay Home ကာလမှာတော့ မအေးသောင်းက သူမရဲ့လှုပ်ရှားမှုလေးတွေကို လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် မျှဝေပေးနေတာ ဖြစ်ပါတယ် ။ အခုလည်း မအေးသောင်းက အရမ်းအောင်မြင်ခဲ့တဲ့ " မုန်းစွဲ" ရုပ်ရှင်ဇာတ်ကားကြီးရဲ့နောက်ကွယ်က ရိုက်ကွင်းပုံလေးတွေကို တင်ပေးထားတာ ဖြစ်ပါတယ် ။

Photo Credit-Aye Wuttyi Thaung's FB Page
Photo Credit-Aye Wuttyi Thaung's FB Page

မအေးသောင်းက "ဘယ်ကားထဲကပုံလေးတွေလဲ ဖြေပါ။ သိချင်တဲ့မေးခွန်းလေးတွေရှိရင်လည်းမေးခဲ့ပါနော်။ Live လွှင့်ပြီး ပြန်ဖြေပေးပါ့မယ်ရှင့်။ အိမ်မှာပျင်းနေမှာစိုးလို့ ။ မနက်ဖြန်ည 7:00 live မယ်နော်။ ကျန်းမာပါစေ အမျိုးတို့ရေ " ဆိုပြီး ပုံလေးတွေနဲ့အတူ မျှဝေပေးထားတာ ဖြစ်ပါတယ် ။ သရုပ်ဆောင်ကောင်းတဲ့ မအေးသောင်းကတော့ "မုန်းစွဲ" ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီဆုအတွက် ထင်ကြေးပေးခြင်းခံခဲ့ရတာလည်း ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချော မအေးသောင်းနဲ့ အနုပညာမောင်နှမတွေရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit-Aye Wuttyi Thaung's FB Page 

Photo Credit-Aye Wuttyi Thaung's FB Page
Photo Credit-Aye Wuttyi Thaung's FB Page
Photo Credit-Aye Wuttyi Thaung's FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။