ပရိသတ်ကြီးရေ....ပုရိသတွေရဲ့အသည်းကျော် မင်းသမီးချောလေးဖြစ်တဲ့ သင်ဇာ၀င့်ကျော်ကိုအားလုံးသိကြမယ်ထင်ပါတယ်နော်။ သူမဟာ အမြဲမိမိုက်နေတဲ့ ဖက်ရှင်ဒီဇိုင်းတွေနဲ့ပွဲအခမ်းအနားတက်ရောက်လေ့ရှိတာကြောင့် ပရိသတ်တွေကြားရေပန်းစားတဲ့ မင်းသမီးတစ်လက်ဆိုလည်း မှားမယ်မထင်ပါဘူး။ သရုပ်ဆောင်ပိုင်းမှာလည်း ကျရာဇာတ်ရုပ်ကို အကောင်းဆုံးပီပြင်စွာသရုပ်ဆောင်နိုင်တာကြောင့် ရုပ်ရှင်ကားကြီးတွေလည်းအောင်မြင်အောင် ရိုက်ကူးထားနိုင်သူလေးပါ။
သင်ဇာ၀င့်ကျော်ဟာ ကျစ်လျစ်လှပတဲ့ခန္ဓာကိုယ်လေးကိုပိုင်ဆိုင်ထားသူဖြစ်ပြီး မိန်းကလေးချင်းပါအရမ်းကြွေရတဲ့ သူလေးပါ။ သူမဟာ ခန္ဓာကိုယ်လှပဖို့အတွက်လည်း လေ့ကျင့်ခန်းတွေကိုအပြင်းအထန်ကြိုးစားလုပ်လေ့ရှိတဲ့သူလည်းဖြစ်ပါတယ်။ အခုလက်ရှိမှာဆိုရင်လည်း stay homeကာလဖြစ်တာကြောင့် သင်ဇာလေးဟာ အိမ်မှာနေရင်းနဲ့ workout challengeတွေ ပြုလုပ်နေတာလည်းဖြစ်ပါတယ်။
မကြာသေးမီကလည်း သင်ဇာ၀င့်ကျော်ဟာ သူမရဲ့ Facebookစာမျက်နှာမှာ "Need a hand to someone stretch me out" ဆိုတဲ့ captionလေးနဲ့ workoutလုပ်ပြီး အကြောလျှော့နေတဲ့ ဗီဒီယိုလေးကိုတင်ပေးလာပါတယ်။ ကဲ....သင်ဇာ့ကိုချစ်တဲ့ ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source& video Credit-Thin Zar Wint Kyaw's Facebook acc
Photo credit-Thin Zar Wint Kyaw's Facebook
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။