မင်းသမီးချောလေး ဆုပန်ထွာကတော့ ချစ်ရတဲ့ခင်ပွန်း၊သားလေးတို့နဲ့အတူ သာယာအေးချမ်းတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ် ။ မိသားစုအပေါ်မှာ အပြည့်အဝဂရုစိုက်တဲ့ ဆုပန်ထွာက အိမ်မှုကိစ္စတွေကအစ သူမကိုယ်တိုင်လုပ်ပြီး တာဝန်ကျေတတ်တဲ့ အိမ်ထောင်ရှင်မကောင်းတစ်ယောက်လည်း ဖြစ်ပါတယ် ။ ဒါ့အပြင် ဆုပန်ထွာက ဇာတ်လမ်းတွဲတွေရိုက်ကူးပြီး အနုပညာလှုပ်ရှားမှုတွေကိုလုပ်ကိုင်နေတာလည်း ဖြစ်ပါတယ် ။

Photo Credit-Supan Htwar's FB Acc
Photo Credit-Supan Htwar's FB Acc
Photo Credit-Oakkar Kyaw's FB Acc

ဆုပန်ထွာရဲ့သားလေးကတော့ စကားတတ်ပြီး အရမ်းချစ်ဖို့ကောင်းတာကြောင့် ပရိသတ်တွေရဲ့အချစ်ကို ရရှိနေတာ ဖြစ်ပါတယ် ။ အများကအားကျတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားတဲ့ ဆုပန်ထွာရဲ့ဘဝလေးကတော့ အရမ်းကိုပြီးပြည့်စုံပြီး ပျော်ရွှင်နေရတာပဲ ဖြစ်ပါတယ် ။ အခုလည်း ဆုပန်ထွာရဲ့ခင်ပွန်းဖြစ်သူ ဥက္ကာကျော်က ဇနီးနဲ့သားလေးရဲ့ဗီဒီယို‌တစ်ခုကို သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာ မျှဝေထားတာ ဖြစ်ပါတယ် ။

Photo Credit-Oakkar Kyaw's FB Acc
Photo Credit-Supan Htwar's FB Acc

ဒီဗီဒီယိုလေးမှာ ဆုပန်ထွာက Michael Jackson လိုမျိုး အပီအပြင်ကပြနေတာကို ခင်ပွန်းဖြစ်သူဥက္ကာကျော်က ဗီဒီယိုရိုက်ပြီး ဆေးအကြီးကြီးထိုးလိုက်တာပဲ ဖြစ်ပါတယ်။ ဆုပန်ထွာကတော့ ပခုံးလေးတွန့်ကာ ကပြထားသလို သားလေး Roar Roar လေးကလည်း အခွီပုံစံလေးနဲ့ အားရပါးရကပြထားတာလည်း ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် ဆုပန်ထွာတို့သားအမိရဲ့ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Oakkar Kyaw's FB Acc

Photo Credit-Supan Htwar's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။