Magic Chess ဟာဆိုရင် ခုချိန်မှာ လူဆော့တာများလာတယ်လို့ပဲပြောရမှာလားပါပဲ။ ပွဲရှာတာနဲ့ကို Classic လောက်တောင်ရှာချိန်မကြာပါဘူး။ Streamer တော်တော်များများလဲ ခုချိန်မှာ ဆော့ကစားတာကို တွေ့ရှိရမှာဖြစ်ပါတယ်။ ပရိသတ်ကြီးအနေနဲ့ရော Magic Chess ကိုဆော့ကစားရတာ ကြိုက်နှစ်သက်ပါသလား။ တစ်ခါဆော့မိတာနဲ့ ဆော့ချင်စိတ်ပေါက်သွားစေတဲ့ Mode တစ်ခုပဲဖြစ်ပါတယ်။  

လောလောဆယ်မှာတော့ Magic Chess မှာ Little Commander 9 ယောက်ပါဝင်ထားပြီး နောက်ပိုင်းမှာလဲ ထပ်ထည့်ဖို့ ရှိနေပါသေးတယ်။ MLBB ထဲက Hero တွေအကုန်လုံးမပါပေမယ့်လဲ တော်တော်မျများတော့ပါဝင်ပါတယ်။ လက်ရှိမှာတော့ Hero 49 ကောင်ပါဝင်ပြီး နောက်ဆုံးပါဝင်ထားတဲ့ Hero တွေကတော့ Cecilion | Embrace of Night နဲ့ Carmilla | Shadow of Twilight တို့ပဲဖြစ်ပါတယ်။ သို့သော်လဲ Hero တချို့ကတော့ လက်ရှိမှာ MC ကနေ ခဏထုတ်တားပါတယ်။ အဲ့ Hero တွေကတော့ Alice, Alpha, Angela, Baxia, Chou, Diggie, Popol And Kupa, Sun, Estes, Hanabi, Hayabusa, Granger, Kagura, Leomord, Masha, Rafaela, Terizla နဲ့ Vexana တို့ပဲဖြစ်ပါတယ်။  

သတင်းအရင်းမြစ် Own Creation

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။