အနု၊ အကြမ်း၊ ဟာသစတဲ့ ဇာတ်ရုပ်မရွေး ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်နိုင်တဲ့ မင်းသားချောလေး မြင့်မြတ်ကတော့ ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေကို သိမ်းပိုက်ရရှိထားတာပါ။ မြင့်မြတ်ကတော့ချစ်စရာကောင်းတဲ့သားလေးကို ပိုင်ဆိုင်ထားပြီး ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကိုတည်ဆောက်ထားတာလည်း ဖြစ်ပါတယ်။ သူ့ရဲ့ သားလေး မြတ်သူကတော့ ချစ်စရာကောင်းတဲ့ အပြုံးလေးတွေ အရွယ်နဲ့မလိုက်အောင် အသည်းယားစရာ ကောင်းတဲ့ အမူအရာလေးတွေကြောင့် ပရိသတ်တွေ အချစ်ပိုခဲ့ရသူလေးပါ ။

Photo Crd- Myat Wai Tun’s Facebook Account
Photo Crd- Myat Wai Tun’s Facebook Account
Photo Crd- Myat Wai Tun’s Facebook Account

မြင့်မြတ်ဟာ Stay Home ကာလလေးမှာ ချစ်ရတဲ့ မိသားစုကို အချိန်ပေးကာ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။ မြတ်သူလေးကလည်း ဖေဖေနဲ့ အမြဲတူတူ ဆော့ကစားရတဲ့အတွက်လည်း အရမ်းကို ကျေနပ်နေတာပါ။ မနေ့ကလည်း မြင့်မြတ်ရဲ့ တပည့်ဖြစ်သူ မြတ်ဝေထွန်းရဲ့ Facebook Story မှာ ဗီဒီယိုလေး တစ်ခု တင်ထားတာ ပဲ ဖြစ်ပါတယ်။

Photo Crd- Myat Wai Tun’s Facebook Account
Photo Crd- Myat Wai Tun’s Facebook Account
Photo Crd- Myat Wai Tun’s Facebook Account

ဒါကတော့ ရေကန်ထဲမှာသီချင်းမြူးမြူးလေးတွေဖွင့်ပြီး ဆော့ကစားကာ ပျော်ရွှင်နေတဲ့ မြတ်သူရဲ့ Video လေးပဲ ဖြစ်ပါတယ်။ မြတ်သူလေးကတော့ သီချင်းသံကြားတာနဲ့ကို အရမ်းကိုပျော်ရွှင်နေတတ်တာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် မြတ်သူရဲ့ ချစ်စရာကောင်းတဲ့ ဗီဒီယိုလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက် ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Myat Wai Tun’s Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။