မြန်မာသံစဥ်တေးသီချင်းတွေနဲ့ ဂီတလောကမှာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို ရရှိထားတဲ့ သူကတော့ အဆိုတော် မနောပဲဖြစ်ပါတယ်။ သူရဲ့ တေးသီချင်းတွေကလည်း လူကြီး၊ လူငယ်မရွေး သဘောကျကြိုက်နှစ်သက်ပြီး ရေပန်းစားနေတဲ့ သီချင်းကောင်းတွေပဲဖြစ်ပါတယ်။ လတ်တလောမှာတော့ မနောက ပရိသတ်တွေနဲ့ ထပ်တူကျမယ့် တေးသီချင်းကောင်းတွေကို ဖန်တီးနေတဲ့အပြင် ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတွေကိုလည်း လုပ်ကိုင်နေတာ တွေ့ရပါတယ်။

Photo Credit - မနော fb page
Photo Credit - မနော fb page

မနောက စိတ်သဘောထားပြည့်ဝသလို ပျော်ပျော်ပါးပါးနေတတ်ပြီး သူတစ်ပါးပေါ်ကိုလည်း အမြဲကူညီတတ်တာကြောင့် ပရိသတ်တွေလေးစားနေရတဲ့ အနုပညာရှင်ပဲဖြစ်ပါတယ်။ ဒါ့အပြင် ကပ်ရောဂါတိုက်ဖျက်ရေး အချိန်ကာလလေးမှာလည်း ပရိသတ်တွေ ပျော်ရွှင်အောင် ဟာသTik Tok လေးတွေ ဆော့ကစားပြီး အမြဲဖော်ပြပေးပါတယ်။ ယခုမှာလည်း မနောက ကြည့်မိသူတိုင်း ပြုံးပျော်ရွှင်ဖို့ အတွက် ဆော့ကစားထားတဲ့ tik tok ဗီဒီယိုလေးကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - မနော fb page
Photo Credit - မနော fb page

ဒီဗီဒီယိုလေးထဲမှာတော့ မနောက သူ့ရဲ့ ရုပ်ရည်ကို အပြင်မှာထက် ဗီဒီယိုထဲက ပိုပြီး ချောနေတာလေးကို ဟာသအနေနဲ့ ဆော့ကစားထားတာဖြစ်ပါတယ်။ ဒီဗီဒီယိုလေးနဲ့ လည်း မနောက " အေးကွာသေချာကြည့်ယူရတယ် ကိုယ့်ဟာကို တောင်မမှတ်မိချင်ဘူးရယ်" ဆိုပြီး ရေးသားထားပါသေးတယ်။ ကဲ....ချစ်ပရိသတ်ကြီးရေ stay at home အချိန်လေးမှာ ရယ်စရာလေးတွေနဲ့ ဖြတ်သန်းနိုင်အောင် မနောရဲ့ အခွီးဗီဒီယိုလေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - မနော fb page

Source - မနော fb page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။