ပရိသတ်ကြီးရေ......အသံပါဝါကောင်းကောင်းနဲ့သီချင်းကောင်းတွေကို ပရိသတ်ရင်ထဲရောက်အောင်သီဆိုတတ်ပြီး ဆယ်စုနှစ်တစ်ခုနီးပါးအောင်မြင်ကျော်ကြားခဲ့တဲ့ အေသင်ချိုဆွေကို သိကြမယ်ထင်ပါတယ်နော်။ သူမဟာ တစ်ကိုယ်တော် အယ်လ်ဘမ်တွေကိုလည်း ထုတ်ခဲ့တာဖြစ်ပြီး တစ်ခေတ်တခါက လူငယ်တွေရဲ့ပါးစပ်ဖျားမှာ ရေပန်းစားခဲ့တာဖြစ်ပါတယ်။ အေသင်ဟာ အခုလက်ရှိမှာဆိုရင်လည်း ချစ်စရာကောင်းတဲ့သမီးငယ်လေးဖြစ်တဲ့ ဗီးဗီးလေးကိုလည်းပိုင်ဆိုင်နေပြီဖြစ်ပါတယ်နော်။

Photo credit-Athen Cho Swe's Facebook acc
Photo credit-Athen Cho Swe's Facebook acc

အေသင်ဟာ ဝေဖန်တိုက်ခိုက်မှုတွေကိုခံခဲ့ရသော်လည်း Single motherတစ်ယောက်အနေနဲ့ ရဲရဲဝံ့ဝံံရပ်တည်နေတာဖြစ်ပါတယ်။ သမီးလေးဖြစ်တဲ့ ဗီးဗီးလေးဟာလည်း အရွယ်နဲ့မလိုက်အောင်ကို လိမ္မာရေးခြားရှိတဲ့သူလေးဖြစ်ပြီး ပါးဖောင်းဖောင်းလေးနဲ့ ချစ်စရာလေးပါနော်။ အခုလက်ရှိ stay homeကာလမှာဆိုရင်လည်း ဗီးဗီးလေးတစ်ယောက် အပြင်ထွက်ဆော့မရတာကြောင့် အိမ်မှာပဲမျိုးစုံဆော့နေတာပါနော်။

Photo credit-Athen Cho Swe's Facebook acc
Photo credit-Athen Cho Swe's Facebook acc

မေမေအေသင်ကလည်း သမီးလေးဗီးဗီးကိုအိမ်မှာမပျင်းရအောင် မျိုးစုံဆော့ပေးနေတာပါနော်။ မကြာသေးမီကလည်း သူမရဲ့Facebookစာမျက်နှာမှာ "အပြင်သွားချင်နေသောမေမေသမီးလေး ဘယ်သွားရမှန်းမသိတော့ အင်္ကျီ အသစ်လေးတွေပြန်ကောက်သိမ်းကာ ဖြေသိမ့်နေပါသော အိုင်ဗီလေးပါရှင့်Unicorn Princess လေး "ဆိုတဲ့ captionလေးနဲ့ အိမ်မှာနေရင်း သမီးလေး Ivyကို ဓာတ်ပုံလှလှလေးတွေရိုက်ပေးနေတာပါ။ ကဲ.....ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Athen Cho Swe's Facebook acc
Photo credit-Athen Cho Swe's Facebook acc

Source-Athen Cho Swe's Facebook acc

Photo credit-Athen Cho Swe's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။