လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်လောက်က ပုရိသတွေရဲ့ အသည်းတစ်ခုလုံးကို ဖမ်းစားထားခဲ့သူကတော့ သရုပ်ဆောင် မင်းသမီးချောလေး စမိုင်းလ်ပဲ ဖြစ်ပါတယ်။ သူမဟာ သရုပ်ဆောင်ဘက်တွင်သာမကဘဲ သီချင်းဆိုတဲ့နေရာမှာလည်း ထူးချွန်သူ တစ်ယောက်ပါ။ လက်ရှိအချိန်မှာတော့ သရုပ်ဆောင်အလုပ်ကိုသာမက ကိုယ်ပိုင်ထုတ်လုပ်ရေးတည်ထောင်ကာ ရုပ်ရှင်ဇာတ်ကားကြီးတွေပါ ရိုက်ကူးနေပြီပဲ ဖြစ်ပါတယ်။

Photo Crd- Smile Mg’s Facebook Account
Photo Crd- Smile Mg’s Facebook Account
Photo Crd- Smile Mg’s Facebook Account

စမိုင်းလ်ဟာ   မိသားစုအပေါ်ကိုလည်း အရမ်းကို ဂရုတစိုက်ရှိသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ သမီးလေးတွေအပေါ်မှာလည်း လိုလေသေးမရှိအောင် ကြင်နာမှုတွေပေးတာကြောင့်လည်း အားလုံးက အားကျနေကြတာလည်း ဖြစ်ပါတယ်။ သမီးလေးတွေရဲ့ သိတတ်လိမ္မာမှုတွေကြောင့်လည်း စမိုင်းလ်တစ်ယောက် ဂုဏ်ယူဝမ်းသာ နေရတာလည်း ဖြစ်ပါတယ်။

Photo Crd- Smile Mg’s Facebook Account
Photo Crd- Smile Mg’s Facebook Account
Photo Crd- Smile Mg’s Facebook Account

မကြာသေးခင် ရက်ပိုင်းလောက်ကလည်း စမိုင်းလ်ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ စာမရလို့ငိုနေတဲ့ညီမလေးကိုဆူပူခြင်းမရှိဘဲဘေးကနေလိုက်ထောက်ပေးနေတဲ့သမီးကြီးကိုဗီဒီယိုလေးရိုက်ကူးကာကြည်နူးပီတိဖြစ်နေတာပဲ ဖြစ်ပါတယ်။ သူမကလည်း " သူ့ညီမစာမရလို့ငိုတော့ ဘေးကနေမရမချင်းသင်ပေးထောက်ပေးတဲ့မမ ကံကောင်းတဲ့ညီမလေးမာမီလိုပဲ" ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Smile Mg’s Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။