ဝါရင့်သရုပ်ဆောင် မင်းသားကြီး ခင်လှိုင်ကတော့ လူရွှင်တော်အဖြစ်ရော သရုပ်ဆောင်အဖြစ်ပါ ရပ်တည်အောင်မြင်လာခဲ့တဲ့ ပရိသတ်အချစ်တော်တစ်ယောက်ပဲ ဖြစ်ပါတယ် ။ ပီပြင်ပြောင်မြောက်တဲ့ သူ့ရဲ့သရုပ်ဆောင်ချက်တွေကြောင့် ပရိသတ်တွေရဲ့နှစ်ခြိုက်အားပေးမှုကို ရရှိခဲ့တာလည်း ဖြစ်ပါတယ် ။ လက်ရှိမှာတော့ ခင်လှိုင်က သားသမီးတွေ၊ မြေးတွေနဲ့အတူနေထိုင်နေတာဖြစ်ပြီး ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ် ။

Photo Credit-Khin Hlaing's FB Acc
Photo Credit-Khin Hlaing's FB Acc
Photo Credit-Nay Ye's FB Acc

မိသားစုကို အပြည့်အဝစောင့်ရှောက်ပြီး ချစ်တတ်တဲ့ ခင်လှိုင်က အခုလည်းသားငယ်လေး နေရဲအတွက် မွေးနေ့ဆုတောင်းပေးထားတာ ဖြစ်ပါတယ် ။ ဒါ့အပြင် ခင်လှိုင်က သူတို့သားအဖနှစ်ယောက်ရဲ့အမှတ်တရပုံလေးတွေကို တင်ထားတာလည်း ဖြစ်ပါတယ် ။ ခင်လှိုင်က မွေးနေ့မှာ သားလေးပျော်ရွှင်သွားအောင် သူလိုချင်နေတဲ့ဆိုင်ကယ်ကြီးကို Covid ကာလပြီးရင် ဝယ်ပေးမယ့်အကြောင်းကိုလည်း ရေးသားပြောပြခဲ့သေးတာ ဖြစ်ပါတယ် ။

Photo Credit-Nay Ye's FB Acc
Photo Credit-Khin Hlaing's FB Acc & Treasure Wedding Photo & Video Studio
Photo Credit-Nay Ye's FB Acc

ခင်လှိုင်က "ဖေဖေချစ်တဲ့ သားငယ်လေးနေရဲ ဒီနေ့ကျရောက်သော မွေးနေ့ရက်မြတ်မင်္ဂလာမှစပြီးနောင်နှစ်ပေါင်းများစွာတိုင်‌အောင် သားချစ်သောမိသားစုကြီးနှင့် ပျော်ရွှင်စွာနေထိုင်နိုင်ပြီး သားမြတ်နိုးတန်ဖိုးထားတဲ့ အနုပညာခရီးကို အောင်မြင်စွာ လျှောက်လှမ်းနိုင်ပါစေ သားလိုချင်တဲ့ မွေးနေ့လက်ဆောင် ဆိုင်ကယ်ကြီးကတော့ ကိုမြင့်နိုင်ကြီးပြီးမှဝယ်ပေးမယ်နော် အာဘွား" ဆိုပြီး တင်ထားတာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် ခင်လှိုင်တို့သားအဖရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Photo Credit-Khin Hlaing's FB Acc

Photo Credit-Khin Hlaing's FB Acc & Ae Thaw Photography
Photo Credit-Khin Hlaing's FB Acc
Photo Credit-Nay Ye's FB Acc
Photo Credit-Nay Ye's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။