မင်းသားချောလေး သူရိယကတော့ ဗီဒီယိုဇာတ်ကားတွေနဲ့ ပရိသတ်တွေကြားမှာ ပိုမိုပြီး အောင်မြင်လာခဲ့တာ ဖြစ်ပါတယ် ။ ရုပ်ရည်ချောမောပြီး စတိုင်လ်ကျကျ ဝတ်ဆင်တတ်တဲ့ သူရိယက မိန်းကလေးပရိသတ်တွေရဲ့ဝန်းရံအားပေးမှုကိုလည်း ရရှိထားတာ ဖြစ်ပါတယ် ။ ဒါ့အပြင် စိန်ဘယက်ဆေးတိုက်ရဲ့သားတစ်ဦးဖြစ်တဲ့ သူရိယက ငယ်စဥ်ကတည်းက စိန်ဘယက်ကြော်ငြာလေးတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ရတာပဲ ဖြစ်ပါတယ် ။

Photo Credit-"ThuRi Ya- သူရိယ" FB Page
Photo Credit-"ThuRi Ya- သူရိယ" FB Page
Photo Credit-"ThuRi Ya- သူရိယ" FB Page

လက်ရှိမှာတော့ သူရိယက ရုပ်ရှင်ဇာတ်ကားကြီးတွေရိုက်ကူးပြီး အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေတာ ဖြစ်ပါတယ် ။ သူရိယက သရုပ်ဆောင်တော်တဲ့အပြင် အသံလည်းကောင်းတာကြောင့် Cover Song လေးတွေသီဆိုပြီး ပရိသတ်တွေအတွက် မျှဝေပေးနေတာလည်း ဖြစ်ပါတယ် ။ အခုတော့ သူရိယက သူအရမ်းချစ်ရတဲ့ တူမလေးရွှေနှစ်ရဲ့မွေးနေ့မှာ အမှတ်တရပုံလေးတွေကို တင်ပေးထားတာ ဖြစ်ပါတယ် ။

Photo Credit-"ThuRi Ya- သူရိယ" FB Page
Photo Credit-"ThuRi Ya- သူရိယ" FB Page
Photo Credit-"ThuRi Ya- သူရိယ" FB Page
Photo Credit-"ThuRi Ya- သူရိယ" FB Page

သူရိယကတော့ သူ့ရဲ့တူမလေးကို အနှီးထုပ်အရွယ်လေးကတည်းက တုန်နေအောင်ချစ်ခဲ့ရတာဟာဆိုရင် အခုအချိန်အထိပဲ ဖြစ်ပါတယ် ။ သူရိယက တူမလေးရွှေနှစ်ကို အမြဲတမ်းလိုလို လက်မချနိုင်အောင် အချစ်တွေပိုရင်း ဘေးကနေ ပြုစုစောင့်ရှောက်ပေးနေတာလည်း ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသားချော သူရိယနဲ့ တူမလေးရွှေနှစ်တို့ရဲ့ချစ်စရာပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit-"ThuRi Ya- သူရိယ" FB Page

Photo Credit-"ThuRi Ya- သူရိယ" FB Page
Photo Credit-"ThuRi Ya- သူရိယ" FB Page
Photo Credit-"ThuRi Ya- သူရိယ" FB Page
Photo Credit-"ThuRi Ya- သူရိယ" FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။