ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကိုရရှိလာပြီး အောင်မြင်မှုရရှိနေတဲ့ တက်သစ်စမင်းသမီး‌ချောလေးတွေထဲမှာဆိုရင် မေတိုးခိုင်တစ်ယောက်လည်းအပါအ၀င်ဖြစ်ပါတယ်.....။

မေတိုးခိုင်ဟာ အနုပညာလောကမှာအအောင်မြင်ဆုံးနဲ့ ဒိတ်ဒိတ်ကြဲမင်းသမီးကြီးဖြစ်တဲ့ အကယ်ဒမီအိန္ဒြာကျော်ဇင်ရဲ့ တူမချောလေးလည်းဖြစ်ပါတယ်နော်....။

Photo credit-May Toe Khine-မေတိုးခိုင်'s Facebook page
Photo credit-May Toe Khine-မေတိုးခိုင်'s Facebook page

မေတိုးခိုင်က ကြော်ငြာတွေနဲ့ photo shootingတွေ အပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေကိုပါ ရိုက်ကူးနေပြီး ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေသာမကပဲ အနုပညာရှင်တွေကပါ အားပေးချစ်ခင်နေကြတာပဲဖြစ်ပါတယ်။ ဒါ့အပြင် မေတိုးခိုင်က ချစ်စရာကောင်းတဲ့ ဟန်ပန်လေးတွေနဲ့ ပိန်ပါးကျစ်လစ်တဲ့ သေးသေးသွယ်သွယ် ကိုယ်ခန္ဓာလေးကြောင့် ပုရိသယောကျာ်းလေးပရိသတ်တွေရဲ့ အားပေးဝန်းရံခြင်းကိုလည်း များစွာရရှိထားတဲ့ သူလေးဆိုလည်း မမှားပါဘူးနော်။

Photo credit-May Toe Khine-မေတိုးခိုင်'s Facebook page
Photo credit-May Toe Khine-မေတိုးခိုင်'s Facebook page

မေတိုးခိုင်ဟာ သူမရဲ့ ချစ်စရာပုံလေးတွေကို မကြာခဏဆိုသလို သူမရဲ့ Facebookစာမျက်နှာမှာ တင်ပေးလေ့ရှိပါတယ်။ အခုလည်း သူမရဲ့ Facebookစာမျက်နှာမှာ "ဘယ်အရာမဆို အစပိုင်းကမလွယ်ကူဘူးဒုတိယ တစ်ခေါက် နည်းနည်းပိုတတ်လာမှာပေါ့တတိယ အခေါက် တော်တော် တတ်လာမယ်စတုတ္ထအခေါက် ပဉ္စမ အခေါက် အခေါက်ပေါင်းများစွာအဲ့လို ခဏခဏ ကြိုးစားရင်း ပန်းတိုင် သို့ အားမလျှော့ကြပါနဲ့။ ကိုယ့်ဟာကိုယ် အားပေးရင်း အကုန်လုံးကို ပါလာအားပေးတာ " ဆိုပြီးရေးသားကာ ပုံတွေတင်ပေးလာပါတယ်။ ကဲ......ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-May Toe Khine-မေတိုးခိုင်'s Facebook page
Photo credit-May Toe Khine-မေတိုးခိုင်'s Facebook page

Source-Source-May Toe Khine-မေတိုးခိုင်'s Facebook page

Photo credit-May Toe Khine-မေတိုးခိုင်'s Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။