ပရိသတ်ကြီးတို့ရဲ့ အချစ်တော် မော်လ်ဒယ်သရုပ်ဆောင်မင်းသမီးချောလေး အိန်ဂျယ်လမုန်ကတော့ ဆွဲဆောင်မှုရှိတဲ့ အလှလေးတွေကြောင့် ပုရိသပရိသတ်တွေကြား အမြဲရေပန်းစားနေသူလေးပါ..။
အရပ်ရှည်ရှည်နဲ့ စမတ်ကျသလို ဖြူဖွေးဝင်းဥနေတဲ့အသားအရေလေးနဲ့ ချစ်စရာကောင်းတဲ့အပြုံးချိုချိုလေးတွေအပြင် စကားပြောပွင့်လင်းတဲ့ဟန်ပန်လေးတွေကြောင့်လည်း ပရိသတ်တွေက အချစ်ပိုနေကြတာပါ..။
နိုင်ငံခြားသူလေးတစ်ယောက်လို ညို့အားပြင်းတဲ့အလှတရားတွေကို ပိုင်ဆိုင်ထညးတဲ့ အိန်ဂျယ်လေးကတော့ သူမရဲ့ လှုပ်ရှားမှုလေးတွေကို အမြဲမျှဝေလေ့ရှိသူလေးပါပဲ..။
အခုတစ်ခါမှာလည်း အိန်ဂျယ်လေးတစ်ယောက် ချစ်စရာကောင်းတဲ့ သူမရဲ့ဟန်ပန်လေးတွေနဲ့ ကွဲထွက်နေပြီး မိမိုက်လွန်းနေတဲ့ အထာကျကျပုံရိပ်လေးတွေနဲ့ ပရိသတ်တွေကို ဖမ်းစားလိုက်ပြန်ပါတယ်နော်..။
"Angel in the shadow. ." ဆိုပြီး အထာကျကျလေး ဆွဲအားပြင်းနေတဲ့ သူမရဲ့ အမိုက်စားပုံလေးတွေကို အိန်ဂျယ်လမုန်က ပရိသတ်တွေ ဝေမျှထားတာပါနော်..။
အဲ့ဒီပို့စ်ရဲ့အောက်မှာတော့ ပရိသတ်တွေကလည်း အိန်ဂျယ်လေးရဲ့ မိမိုက်နေတဲ့ပုံရိပ်လေးတွေကို သဘောကျအချစ်ပိုနေကြတဲ့အကြောင်းလေးတွေ မှတ်ချက်ပေးထားကြပါတယ်နော်..။
Source - Angel Lamung's Fb Page
Photo Credit - Wai Lin x Angel Lamung
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။