မင်းသမီးချောလေးပိုးအိအိခန်ကတော့ အနုပညာလောကမှာ နေရာတစ်ခုကိုရယူထားနိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့ကာ ချစ်စရာအပြုံးလေးတွေကို ပိုင်ဆိုင်ထားနိုင်ခဲ့တာပဲဖြစ်ပါတယ်။ သူမကတော့ အေးချမ်းသာယာပြီး ကြည်နူးစရာ​ကောင်းတဲ့ မိသားစုလေးကို ခင်ပွန်းဖြစ်သူအောင်သူနဲ့အတူ တည်ဆောက်ထားနိုင်ကာ ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပါတယ်။

Photo Credit - Thwin Oo Han ' s facebook page
Photo Credit - Thwin Oo Han ' s facebook page

သူမတို့ မိသားစုလေးကတော့ ပရိသတ်တွေအားကျချစ်ခင်ရတဲ့ အနုပညာရှင်မိသားစုလေးဖြစ်ပြီး ကြည်နူးစရာကောင်းလွန်းတဲ့ မိသားစုပုံရိပ်လေးတွေကို ချပြလေ့ရှိပါတယ်။ သူမကတော့ ယခုမှာ တစ်နေ့တစ်မျိုးမရိုးအောင် ချက်ကျွေးနေပြီး ခေါက်ဆွဲကြော်ပလုတ်ပလောင်းစားနေတဲ့ သားလေးကိုကြည့်ကာ ချစ်မဝနေတဲ့ ဗီဒီယိုဖိုင်လေးကို ချပြလာခဲ့ပါတယ်။ ပိုးအိအိခန့်သားလေးရဲ့ ချစ်စရာ​ကောင်းလွန်းတဲ့ ဗီဒီယိုဖိုင်လေးဟာ ကြည့်ရူသူပရိသတ်တွေကို အချစ်တွေပိုစေခဲ့တာပဲဖြစ်ပါတယ်။ 

Photo Credit - Thwin Oo Han ' s facebook page
Photo Credit - Thwin Oo Han ' s facebook page

သူမကတော့ "သားသားရဲ့ ဒီနေ့ menu ကတော့ မေမေကြော်တဲ့ ခေါက်ဆွဲကြော်ပါခမျာ ခေါက်ဆွဲကြော်စားပြီးတော့ ညနေစာ စဉ်းစားရဦးမယ်ကိုဗစ်ပြီးရင် စားသောက်ဆိုင်ဖွင့်တော့မယ် "ဆိုပြီး ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ချစ်ပရိသတ်တွေအတွက်မင်းသမီးချောလေးပိုးအိအိခန့်သားလေးရဲ့ ချစ်စရာကောင်းလွန်းတဲ့ ဗီဒီယိုဖိုင်လေးကိုပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါဗီဒီယိုဖိုင်လေးကို အောက်မှာကြည့်နိုင်ပါတယ်။ 

Source - Thwin Oo Han ' s facebook page 

Photo Credit - Thwin Oo Han ' s facebook page
Photo Credit - Thwin Oo Han ' s facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။