ချစ်ပရိသတ်ကြီးရေ မထက်ဟာ အနုပညာလောကမှာကော မိတ်ကပ်လောကမှာပါ နာမည်ရပြီး အောင်မြင်မှုတွေများစွာရရှိလာသူလေးဖြစ်ပါတယ်။မိန်းကလေးအစစ်တွေ အားကျရလောက်အောင် ဆွဲဆောင်မှုရှိရှိ ဖက်ရှင်အလန်းစားနဲ့ အမြဲဆန်းသစ်လှပနေသူလေးလည်းဖြစ်ပါတယ်။သူမရဲ့ တည်တည်ငြိမ်ငြိမ် ဟန်ပန်လေးနဲ့ စကားပြောပုံလေးကလည်း ပရိသတ်တွေကို စွဲမက်စေခဲ့တာအမှန်ပဲဖြစ်ပါတယ်။

Photo Credit :Ma Htet Facebook Account
Photo Credit :Ma Htet Facebook Account

သူမဟာ မိတ်ကပ်ဖန်တီးရှင်တစ်ယောက် ဖြစ်ရုံသာမကဘဲ သရုပ်ဆောင်တစ်ယောက်အနေနဲ့ပါ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရပြီပဲ ဖြစ်ပါတယ်။သူမရဲ့ ကျစ်လစ်သွယ်လျတဲ့ အမိုက်စားခန္ဓာကိုယ်လေးကိုလည်း မိန်းကလေးပရိသတ်တော်တော်များများက သဘောကျနေကြတာလည်း ဖြစ်ပါတယ်။မထက်ကတော့ သူရဲ့ နေ့စဉ်လှုပ်ရှားမှု ပုံရိပ်လေးတွေနဲ့ ဟာသဗီဒီယိုလေးတွေကို သူရဲ့လူမှုကွန်ယက် ဖေ့ဘွတ်စာမျက်နှာပေါ်တွင်ဖော်ပြလေ့ရှိတာတွေ့ရပါတယ်။

Photo Credit :Ma Htet Facebook Account
Photo Credit :Ma Htet Facebook Account

လတ်တလောမှာလည်း မြန်မာဝတ်စုံဒီဇိုင်းမျိုးစုံဝတ်ဆင်ကာ ယဉ်ယဉ်လေးနဲ့ ဆွဲဆောင်မှုရှိရှိလှရက်လွန်းနေတဲ့ ပုံလေးတွေတင်ပြီး challenge လေးလုပ်ထားတာတွေ့ရပါတယ်။ပုံလေးထဲမှာ အခါခါပြန်ကြည့်ချင်ရလောက်အောင် အရမ်းလှနေတာကြောင့် ပရိသတ်တွေ အချစ်ပိုစေမှာ အမှန်ပဲဖြစ်ပါတယ်။ကဲ...ချစ်ပရိသတ်ကြီးတွက် မထက်ရဲ့ ပုံလေးတွေကို မျှဝေပေးလိုက်ပါတယ်။

Photo Credit :Ma Htet Facebook Account
Photo Credit :Ma Htet Facebook Account

Source & Photo Credit :Ma Htet Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။