မင်းသမီးချောလေး မိုးယုစံကတော့ ချိုသာတဲ့ အပြုံးလှလှလေးတွေနဲ့အတူ အပြစ်ကင်းစင်တဲ့မျက်နှာလေးကိုပါ ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ် ။ ကိုယ်လုံးကိုယ်ပေါက်လှပသူလေးလည်းဖြစ်တဲ့ မိုးယုစံက ကလေးမေမေဖြစ်သွားတာတောင် သွယ်လျလှပတဲ့ ခန္ဓာကိုယ်လေးကို ထိန်းထားနိုင်တာ ဖြစ်ပါတယ် ။ ဒါ့အပြင် မိုးယုစံက တစ်နေ့တခြားဆိုသလို အရင်ကထက်တောင် ပိုပိုပြီး လှသွေးကြွယ်လာတာလည်း ဖြစ်ပါတယ် ။

Photo Credit-Moe Yu San's FB Acc
Photo Credit-Moe Yu San's FB Acc
Photo Credit-Moe Yu San's FB Acc

ဒုတိယမြောက်ရင်သွေးလေးကိုပါ ကိုယ်ဝန်လွယ်ထားရပြီဖြစ်တဲ့ မေမေမိုးယုစံက တစ်သားမွေးတစ်သွေးလှနေတာပဲ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ မိုးယုက ချစ်ရတဲ့မိသားစုနဲ့အတူ အိမ်မှာပဲ ပျော်ပျော်ရွှင်ရွှင်နေထိုင်နေတာ ဖြစ်ပါတယ် ။ အခုလည်း အိမ်ထောင်ရှင်မလေးပီသတဲ့ မိုးယုက ချစ်ခင်ပွန်းအတွက် ကင်ချီဟင်းရည်ကို ကိုယ်တိုင်ချက်ပြုတ်ပြင်ဆင်ပေးခဲ့ပြီး သူမရဲ့အပျော်လေးတွေကို မျှဝေထားတာ ဖြစ်ပါတယ် ။

Photo Credit-Moe Yu San's FB Acc
Photo Credit-My Dream One Stop Wedding Service
Photo Credit-Moe Yu San's FB Acc

မိုးယုက "လွယ်ကူပြီး အရသာရှိတဲ့ကင်ချီဟင်းရည် ကိုရီးယားကားတွေကြည့်ပြီး စားချင်တယ်ပြောပြောနေတာနဲ့ ရှိတာလေးနဲ့ လုပ်ကျွေးလိုက်တယ် " ဆိုပြီး တင်ထားတာ ဖြစ်ပါတယ် ။ ကိုယ်တိုင်ချက်ပြုတ်ပေးထားတဲ့ကင်ချီဟင်းရည်ကို အားရပါးရစားနေတဲ့ ချစ်ခင်ပွန်းကိုကြည့်ပြီး မိုးယုတစ်ယောက် ပျော်ရွှင်ခဲ့ရတာလည်း ဖြစ်ပါတယ် ။ ကဲ မိုးယုစံတို့ဇနီးမောင်နှံရဲ့ ကြည်နူးစရာကောင်းတဲ့ ဗီဒီယိုလေးကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Moe Yu San's FB Acc

Photo Credit-My Dream One Stop Wedding Service
Photo Credit-My Dream One Stop Wedding Service

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။