ပရိသတ်ကြီးရေ အချိန်အတိုတွင်း အနုပညာနယ်ပယ်မှာ အောင်မြင်လာခဲ့တဲ့ သူကတော့ မင်းသမီးချောလေး ဖြူဖြူထွေးပဲဖြစ်ပါတယ်။သူမဟာ လူမှုကွန်ယက်စာမျက်နှာပေါ်မှာဟာသဗီဒီယိုလေးတွေနဲ့ စတင်လူသိများလာခဲ့ပြီးအခုဆိုရင်တော့ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ကြော်ငြာတွေဆက်တိုက် ရိုက်ကူးနေတာကို တွေ့ရပါတယ်။ ဖြူဖြူထွေးက အလှူအတန်းဆိုလည်း လက်မနှေးပဲ ရက်ရက်ရောရောလှူဒါန်းတတ်တာကြောင့် ပရိသတ်တွေအပြင် အနုပညာရှင်မောင်နှမတွေကပါ လေးစားအားကျနေရတာဖြစ်ပါတယ်။

Photo Credit - Amazing Grace (Photography)
Photo Credit - Amazing Grace (Photography)

ဝတ်စားဆင်ယဥ်မှုတွေမှာလည်း မြန်မာဆန်ဆန်ဖက်ရှင်ဝတ်စုံလေးတွေအပြင် ဆန်းသစ်တဲ့ခေတ်ပေါ်ဖက်ရှင်တွေကိုလည်း လိုက်ဖက်ညီညီ ဝတ်ဆင်တတ်တာကို တွေ့ရပါတယ်။ လတ်တလောမှာလည်း ဖြူဖြူထွေးက သူမရဲ့အနုပညာလှုပ်ရှားပုံလေးတွေအပြင် ချစ်စရာ Photo လေးတွေရိုက်ကူးပြီး ပရိသတ်တွေအတွက်လည်း မျှဝေပေးပါတယ်။ ယခုမှာလည်း ဖြူဖြူထွေးက မြင်သူတိုင်း ငေးမောသွားရလောက်မယ့် ပုံလေးတွေကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - Amazing Grace (Photography)
Photo Credit - Amazing Grace (Photography)

ဒီပုံလေးတွေထဲမှာတော့ ဖြူဖြူထွေး က ခေတ်ဆန်ဆန်ဖက်ရှင်ဝတ်စုံလေးနဲ့ လှရက်လွန်းနေပြီး လမ်းလေးလျှောက်ကာ ပို့စ်ပေးထားတာဖြစ်ပါတယ်။ ဒါ့အပြင် ဒီပုံလေးတွေနဲ့လည်း ဖြူဖြူထွေးက " သေချာတယ် ပန်းတိုင်တစ်ခုတော့ရှိမယ်...တူတူသွားမယ် လိုက်မလား" ဆိုတဲ့ Caption လေးနဲ့လည်း ရေးသားထားပါသေးတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ အလန်းဖက်ရှင်လေးနဲ့ တမူထူးခြားလှရက်လွန်းနေတဲ့ ဖြူဖြူထွေးရဲ့ ချစ်စရာပုံလေးတွေကို ပြန်လည်ဖော်ပြလိုက်ပါတယ်။

Photo Credit - Amazing Grace (Photography)

Source - Phyu Phyu Htwe's fb account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။