April 6 ရက်နေ့ 1896 ခုနှစ်မှာဆိုရင် ပထမဆုံးသော Olympic ဆိုတဲ့ အားကစားပြိုင်ပွဲကြီးကို ပြုလုပ်ကျင်းပခဲ့ပါတယ်။ ယနေ့တိုင် Olympic ပြိုင်ပွဲကြီးကို ၄ နှစ်တစ်ခါ ကျင်းပလေ့ရှိပါတယ်။ Olympic ထဲမှာမှ ၂ နှစ်တစ်ခါ ပြုလုပ်ကျင်းပလေ့ရှိတဲ့ Summer Olympic နဲ့ Winter Olympic ဆိုပြီး နှစ်မျိုးရှိပါတယ်။ ပုံမှန်Olympic ကိုတော့ ၄နှစ်တစ်ခါ ကျင်းပပြုလုပ်ပြီး ကျန်တဲ့ Summer နဲ့ Winter ကိုတော့ ၂ နှစ် တစ်ခါ ပြုလုပ်ကျင်းပ့လေ့ရှိပါတယ်။ အောက်မှာတော့Summer Olympicထဲပါ၀င် လေ့ရှိတဲ့ အားကစား တွေကိုဖော်ပြလိုက်ပါတယ်

Athletics ဆိုတာကတော့ တိုက်ရိုက်ဘာသာပြန်ရင် ပြေးခုံပစ်ဆိုပြီ ဖြစ်ပါတယ်။ Summer Olympic ထဲမှာ အမြဲပါဝင်တဲ့အားကစား ၅ မျိုးထဲက တစ်ခုဖြစ်ပါတယ်။ Athletics (Track & Field) ထဲမှာပါဝင်တဲ့ နောက်ထပ်အားကစားတွေကတော့ Sprints , Sprint Relays , Hurdles , Middle Distance , Long Distance, Steeplechase , လမ်းလျှောက်ပြိုင်ပွဲ , မာရသွန် , အမြင့်ခုန် , အဝေးခုန် , Triple Jump , Pole Vault , လှံပစ် , သံပြားပစ် , သံလုံးပစ် , Hammer Throw , Decathlon နဲ့ Heptathlon တို့ပဲဖြစ်ပါတယ်။ Decathlon နဲ့ Heptathlon တို့ကတော့ ၁၉၁၂ခုနှစ်နဲ့ ၁၉၈၄ခုနှစ်မှာပါဝင်ခဲ့တဲ့ ပြိုင်ပွဲတွေဖြစ်ပါတယ်။  

Cycling ဆိုတဲ့ စက်ဘီးစီးပြိုင်ပွဲဟာဆိုရင်တော့ Summer Olympic ထဲမှာ အမြဲပါဝင်တဲ့ အားကစား ၅ ခုထဲကတစ်ခုဖြစ်ပါတယ်။ ယနေ့ထိလဲ Olympic ထဲမှာပါဝင်တဲ့ အားကစားပြိုင်ပွဲတစ်ခုဖြစ်ပါတယ်။ Cyclingထဲမှာလဲ အမျိုးအစားကွဲပြားသွားတဲ့ စက်ဘီးနဲ့ပတ်သတ်တဲ့ ပြိုင်ပွဲတွေရှိ‌ေနပါ‌ေသးတယ်။ ပရိတ်သတ်ကြီးလဲ စက်ဘီးနင်းရတာကို ကြိုက်နှစ်သက်ကြမယ်ထင်ပါတယ်။

သတင်းအရင်းမြစ် Own Creation

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။