Summer Olympic ထဲမှာ ဆိုရင် များစွာသာအားကစား ‌ေတွပါ၀င်လျက်ရှိပါတယ်။ အဲ့ထဲက ဘယ် Olympicမှာမဆို စက်ဘီးပြိုင်ပွဲ အပြေးပြိုင်ပွဲ နဲ့ နပန်းစသဖြင့် ပါ၀င် လေ့ရှိပါတယ်။ နပန်းအားကစားကိုတော့ ဒီနှစ်ဂျပန်မှာပြုလုပ်မယ့် Olympicထဲမှာ အရင်လိုပြန်ထည့် သွင်းပြုလုပ်ကျင်းပဖို့ရှိပြီး Covid-19 ကြောင့် Olympicကိုလဲ ရွှေ့ထားရပါတယ်။ အောက်မှာတော့ Summer Olympicနဲ့ပတ်သတ်တဲ့အားကစားတွေကို ဖော်ပြလိုက်ပါတယ်။ 

Wrestling ဆိုတဲ့ နပန်းအားကစားကတော့ ဘယ် Olympic မှာမဆိုပါဝင်တဲ့ အားကစားတစ်ခုဖြစ်ပါတယ်။ ၁၉၀၄ခုနှစ်မှာတော့ freestyle wrestling ဆိုပြီး ခြေထောက်တွေ မတာတွေ စသဖြင့် အသုံးပြုခွင့်ပေးတဲ့ နပန်းကိုထည့်သွင်းခဲ့ပါတယ်။ ၂၀၀၄ခုနှစ်မှာတော့ အမျိုးသမီးတွေအတွက် Freestyle Wrestling ကိုထည့်သွင်းခဲ့ပါတယ်။ သို့သော် ၂၀၁၃မှာတော့ နပန်းအားကစားကို Olympic ထဲကနေထုတ်လိုက်ပြီး တခြားအားကစားတွေထည့်လိုက်ပါတယ်။ ၂၀၂၀ခုနှစ်နဲ့ ၂၀၂၄ခုနှစ်အတွက် ပြုလုပ်မယ့် Olympic ထဲမှာတော့ နပန်းကိုပြန်လည် ထည့်သွင်းဖို့ Vote ပေးကြမှာဖြစ်ပါတယ်။ ၂၀၂၀ခုနှစ်မှာလဲ Covid-19 ဖြစ်ခဲ့တာကြောင့် Olympic ကို ၂၀၂၁ခုနှစ်ကို ရွှေ့ပြောင်းလိုက်ပါပြီ။ 

Gymnastics ဆိုတဲ့ ကျွမ်းဘားအားကစားကတော့ ၁၈၉၆ခုနှစ်ကတည်းကကျင်းပပြုလုပ်ခဲ့တဲ့ Summer Olympic ထဲမှာ အမြဲပါဝင်တဲ့ အားကစား ၅ ခုထဲကတစ်ခုဖြစ်ပါတယ်။ ကျန်တဲ့ အားကစားတွေကတော့Athletics, Cycling, Fencing နဲ့ Swimming တို့ဖြစ်ပါတယ်။ Gymnastics ဆိုတဲ့အားကစားထဲမှာမှ Artistic Gymnastics , Rhythmic Gymnastics နဲ့ Trampoline တို့ဆိုပြီး ၃ မျိုးပါဝင်ပါတယ်။  

သတင်းအရင်းမြစ် Own Creation

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။