ပြည်သူချစ်မင်းသမီးချောတစ်ယောက်ဖြစ်တဲ့ ထက်ထက်မိုးဦးကတော့ အနုပညာအလုပ်တွေကို ပြန်လည်လုပ်ဆောင်နေတာဖြစ်ပြီး ပရိသတ်တွေကလည်း သူမကိုအားပေးနေကြတာဖြစ်ပါတယ်။တစ်ခေတ်တစ်ခါမှာရေပန်းစားခဲ့တဲ့ ထက်ထက်မိုးဦးရဲ့ကြော်ငြာတွေဟာဆိုရင်လည်းပဲ ယနေ့အချိန်ထိတိုင် မရိုးသွားသေးတာဖြစ်ပါတယ်။ထက်ထက်ကတော့ ပရိသတ်အများအပြားရဲ့အားပေးချစ်ခင်မှုတွေကို ရရှိခဲ့တာကြောင့် သူမရဲ့ခေတ်တစ်ခေတ်ကို တည်‌ဆောက်နိုင်ခဲ့တာပါနော်။

Photo Credit:Htet Htet Moe Oo's Facebook page
Photo Credit:Htet Htet Moe Oo's Facebook page
Photo Credit:Htet Htet Moe Oo's Facebook page

ယခုချိန်ထိလည်း ထက်ထက်မိုးဦးက အရွယ်တင်နုပျိုနေဆဲဖြစ်ပြီး ငယ်ငယ်တုန်းကလိုပဲ ချစ်ဖို့ကောင်းနေတာဖြစ်ပါတယ်။ထက်ထက်က စိတ်ထားလေးလည်းဖြူစင်ပြီး ရိုးသားတဲ့သူဖြစ်လို့ ချစ်သူ၊ခင်သူတွေကလည်းပေါများနေတာပါနော်။လတ်တလောမှာဆိုရင်တော့ ထက်ထက်မိုးဦးက အွန်လိုင်းပေါ်မှာ Liveလွှင့်ပြီး ပစ္စည်းလေးတွေကို ရောင်းချနေတာကြောင့် သူမကိုချစ်တဲ့သူတွေကလည်း ဝယ်ယူအားပေးကြပါတယ်နော်။

Photo Credit:Htet Htet Moe Oo's Facebook page
Photo Credit:Htet Htet Moe Oo's Facebook page

ထက်ထက်မိုးဦးက ဟိုးအရင်အချိန်တုန်းကဆိုရင် အနုပညာအလုပ်တွေကို တစ်ရက်မှမနားဘဲလုပ်ခဲ့ရပြီး နေ့တိုင်းရှုတင်တွေသွားခဲ့ရတာဖြစ်ပါတယ်။အခုဆိုရင်လည်း ထက်ထက်က "Super ကွေကာကြော်ငြာအတွက် ဒါရိုက်တာ ဦးဖုန်းမြင့်အောင် နဲ့ Park Royal Hotel မှာ လှိုင်းတတ်ဆီသွပ်ဘူးပြီးတော့ ဒုတိယအကြိမ် ဦးဖုန်း နဲ့ အလုပ်အတူတူ လုပ်ခဲ့ရတဲ့ ရိုက်ကွင်းပါ"ဆိုပြီး သူမရဲ့အမှတ်တရပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် မျှဝေလာခဲ့တာဖြစ်ပါတယ်နော်။

Photo Credit:Htet Htet Moe Oo's Facebook page
Photo Credit:Htet Htet Moe Oo's Facebook page
Photo Credit:Htet Htet Moe Oo's Facebook page

Source&Photo Credit:Htet Htet Moe Oo's Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။