ဗီဒီယိုဇာတ်ကားခေတ်မှစပြီး ယနေ့ချိန်ထိ ပရိသတ်တွေရဲ့ အခိုင်အမာအားပေးမှုတွေနဲ့ အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်လျက် ရှိသူကတော့ သရုပ်ဆောင် မင်းသားချောလေး ကျော်ကျော်ပဲ ဖြစ်ပါတယ်။ သူဟာ ဆယ်စုနှစ်ကျော်တိုင်အောင် နှုတ်ခမ်းနီမလေးတွေရဲ့ ဝန်းရံအားပေးမှုတွေကိုလည်း ရရှိထားပါသေးတယ်။ ဟာသဉာဏ်ရွှင်လွန်းတဲ့ ကျော်ကျော်ကိုတော့ ပရိသတ်တွေသာမကဘဲ အနုပညာရှင်အချင်းချင်းကပါ ချစ်ခင်ကြတာလည်း ဖြစ်ပါတယ်။

Photo Crd- Kyaw Naing Oo’s Facebook Account
Photo Crd- Kyaw Naing Oo’s Facebook Account
Photo Crd- Kyaw Naing Oo’s Facebook Account

သူဟာ သူငယ်ချင်းတွေဖြစ်တဲ့ ဆုမြတ်နိုးဦး ၊ ညီထွဋ်ခေါင်တို့နဲ့အတူ လူမှုကွန်ယက်စာမျက်နှာတွင် Page တစ်ခု တည်ထောင်ကာ သူတို့ရဲ့ လှုပ်ရှားမှုတွေနဲ့ ဟာသဗီဒီယိုလေးတွေကို အမြဲတင်ဆက်ပေးနေတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း တစ်ယောက်နဲ့တစ်ယောက် မနာလိုစိတ်မရှိဘဲ ရိုင်းပင်းကူညီတတ်တဲ့ သူတို့သုံးယောက်ရဲ့ Friendship လေးကို လေးစားအားကျနေကြတာလည်း ဖြစ်ပါတယ်။

Photo Crd- Hsu Myat Noe Oo’s Tik Tok Account
Photo Crd- Hsu Myat Noe Oo’s Tik Tok Account
Photo Crd- Hsu Myat Noe Oo’s Tik Tok Account

မနေ့ကလည်း ဆုမြတ်နိုးဦးရဲ့ Tik Tok အကောင့်မှာ ဗီဒီယိုလေး တစ်ခု တင်ပေးထားပါသေးတယ်နော်။ ဒါကတော့ Tik Tok ရိုက်ခိုင်းတဲ့ဆုမြတ်နိုးဦးကိုတစ်ယောက်တည်းပေးမရိုက်ဘဲ ဘေးကနေစနောက်ကျီစယ်နေတဲ့ကျော်ကျော်ရဲ့Video လေးပဲ ဖြစ်ပါတယ်။ ဆုမြတ်နိုးဦးကလည်း " ရိုက်ပေးခိုင်းတာကို သူ့ဘာသာပြန်ရိုက်သွားတယ် " ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် ဒီဗီဒီယိုလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Hsu Myat Noe Oo’s Tik Tok Account and Kyaw Naing Oo’s Facebook Account 

@hsumyatnoeoo1

ရိုကျပေးပါပွောတာကို သူ့ဘာသူပွနျရိုကျသှားတယျ @2153221028

♬ မူရငျးအသံ - baby piggy - piggy

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။