ချစ်ရတဲ့ ပရိသတ်ကြီးရေ... ပိတောက်ကတဲ့ ဂီတ ရုပ်ရှင်ဇာတ်ကားကြီးမှာ နိုင်ငံကျော်အဆိုတော် စိုင်းစိုင်းနဲ့အတူ တွဲဖက်သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ အသိအမှတ်ပြု အားပေးလက်ခံမှုကို တစ်ခဲနက်ရရှိထားတဲ့ သူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး ပိုးမမှီသာ ပဲ ဖြစ်ပါတယ်။ ပိုးက ဆေးကျောင်းသူတစ်ယောက်ဖြစ်ပြီး အနုပညာလှုပ်ရှားမှုတွေကိုလည်း များစွာလုပ်ကိုင်နေသူပါ။

Photo credit - Min Shin Thiha
Photo credit - Min Shin Thiha

ပုရိသပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကို အပြည့်အဝရရှိထားတဲ့ ပိုးမမှီသာက တည်ငြိမ်ရင့်ကျက်တဲ့ အပြုံးချိုချိုလေးတွေနဲ့ ပြောဆိုဆက်ဆံရေးလည်း ယဥ်ကျေးလွန်းသူပဲ ဖြစ်ပါတယ်။ ပိုးရဲ့ ဖက်ရှင်တွေကလည်း နှစ်ခါပြန်ငေးရလောက်အောင် လိုက်ဖက်လှပလွန်းနေတာဖြစ်လို့ မိန်းကလေးအချင်းချင်းကပါ အားကျချစ်ခင်နေတာလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ ပိုးက Covid ကပ်ရောဂါကြောင့် အနုပညာလှုပ်ရှားမှုတွေ ရပ်ဆိုင်းထားတာပဲ ဖြစ်ပါတယ်။

Photo credit - Min Shin Thiha
Photo credit - Min Shin Thiha
Photo credit - Min Shin Thiha

ပရိသတ်တွေ အလွမ်းပြေစေရန်အတွက် အမိုက်စားPhoto Shootingလေးတွေကိုလည်း မကြာခဏဆိုသလို ရိုက်ကူးလေ့ရှိနေပြီး ယနေ့မှာလည်း ပိုစ့်တစ်ခု တင်ပေးလာတာပဲ ဖြစ်ပါတယ်။ အမိုက်စားဖက်ရှင်တွေကို လိုက်ဖက်ညီညီ ဝတ်ဆင်ထားပြီး ရိုက်ကူး ဓာတ်ဖမ်းထားတဲ့ အသည်းယားစရာပုံရိပ်လေးတွေ အပြင်" အားလပ်ရက်တွေမှာ အတူတူကားလေးမောင်းပြီး ခရီးထွက်ကြမယ်လို့တော့ စိတ်ကူးယဉ်ခဲ့တာပဲ" ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာဖြစ်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်..... ။

Photo credit - Min Shin Thiha
Photo credit - Min Shin Thiha
Photo credit - Min Shin Thiha
Photo credit - Min Shin Thiha
Photo credit - Min Shin Thiha
Photo credit - Min Shin Thiha
Photo credit - Min Shin Thiha
Photo credit - Min Shin Thiha

Source - Poe Mamhe Thar's Fb Page

Photo credit - Min Shin Thiha

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။