ချိုသာတဲ့အပြုံးလေးတွေနဲ့ ယောကျာ်းလေး ပရိသတ်တွေသာမကဘဲ မိန်းကလေး ပရိသတ်တွေကပါ ချစ်မဝဖြစ်နေရသူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး နော်ဖောအယ်ထားပဲ ဖြစ်ပါတယ်။ သူမဟာ ကယန်းတိုင်းရင်းသူလေးဖြစ်ပြီး ကိုယ့်ဒူးကိုယ်ချွန်ကာ အနုပညာအလုပ်တွေကို အောင်မြင်အောင် ကြိုးစားနေသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ နော်ဖောဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးခြင်းတော့ မရှိသေးသော်လည်း ဇာတ်လမ်းတွဲတွေတော့ ရိုက်ကူးနေပြီပဲ ဖြစ်ပါတယ်။

Photo Crd- Naw Phaw Eh Htar’s IG Account
Photo Crd- Naw Phaw Eh Htar’s IG Account
Photo Crd- Naw Phaw Eh Htar’s IG Account

နော်ဖောဟာ ကြော်ငြာများစွာလည်း  လက်ခံရိုက်ကူးနေရတာလည်း ဖြစ်ပြီး သူမရဲ့ အမူအရာလေးတွေက မြင်ရသူတိုင်းကို အသည်းတယားယားဖြစ်သွားစေတာပါ။ လတ်တလောမှာတော့ အနုပညာလှုပ်ရှာူမှုတွေမရှိသေးဘဲ Stay Home ကာလ ဖြစ်တာကြောင့် အိမ်မှာဘဲ အနားယူလျက် ရှိနေတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေနဲ့ အဆက်မပြတ်သွားအောင်လည်း သူမရဲ့ လှုပ်ရှားမှုလေးတွေကို အမြဲဝေမျှပေးနေတာလည်း ဖြစ်ပါတယ်။

Photo Crd- Naw Phaw Eh Htar’s IG Account
Photo Crd- Naw Phaw Eh Htar’s IG Account

မနေ့ညကလည်း နော်ဖောရဲ့ Instagram Story မှာ ဗီဒီယိုလေး တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ အသားကပ်အင်္ကျီလေးနဲ့ဆွဲဆောင်မှုတွေပိုလွန်းနေပြီး အသည်းယားစရာကောင်းနေတဲ့ နော်ဖောအယ်ထားရဲ့Video လေးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် ဒီဗီဒီယိုလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Naw Phaw Eh Htar’s IG Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။