မင်းသမီးချောလေးနော်ဖောအယ်ထားကတော့ ချစ်စရာ​ကောင်းလွန်းတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်ထားပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တာပဲဖြစ်ပါတယ်။ သူမကတော့ ချစ်စရာပုံစံလေးနဲ့ လှပနေတဲ့ အမိုက်စားပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာထက် တင်ပေးလေ့ရှိပါတယ်။ သူမကတော့ ကျောင်းမှာ ပျော်ရွှင်ကြည်နူးခဲ့ရတဲ့ အမှတ်တရလေးတွေကို ပရိသတ်တွေထံ ပြန်လည်ပြောပြရင်း လွမ်းဆွတ်သတိရနေခဲ့ပါတယ်။ 

Photo Credit: naw phaw eh htar ' s facebook page
Photo Credit: naw phaw eh htar ' s facebook page

သူမကတော့ " ဘာရယ် မဟုတ် လေးနှစ်တာတက်ခဲ့တဲ့ MUFL လေးကိုလွမ်းလို့ကျောင်းဟောင်းမှာလည်းပျော်သလို ကျောင်းသစ်ရောက်တော့လည်း မပျင်းရပါဘူးဆိုးတူကောင်းဖက် သူငယ်ချင်းတွေကိုလည်းလွမ်းပေါင်းတာက ၁၂ ယောက် အတန်းလစ်ရင် နောက်ဆုံးသုံးတန်းက အတွဲလိုက်ပျောက်တာဆယ်ခါမှာ သုံးခါလောက်ဘဲဆိုးတော့ ဆရာ ဆရာမ တွေက မဆူသလောက် ချစ်ရှာတယ် ဟီးကျောင်းခေါ်ချိန်ပြည့်ပြီးကျော်နေရင်မနေတတ်လို့ ကျောင်းလစ်ပေးရတာလည်းအမောရေတံခွန်တောင် က ကြက်ကြော်ကိုထမင်းချိုင့်ကိုယ်စီနဲ့သွားစားရတာလဲအမော အဲတုန်းကခုလိုမျိုး ဆိုင်လှလှလေးတွေတောင်မရှိသေးဘူး "ဆိုပြီးရေးသားထားပါတယ်။

Photo Credit: naw phaw eh htar ' s facebook page
Photo Credit: naw phaw eh htar ' s facebook page
Photo Credit: naw phaw eh htar ' s facebook page

သူမကတော့ " ကျောင်းပြီးခါနီးကျ ကျောင်းလစ်တဲ့ စကေးတွေကတက်လာပြီ ပြင်ဦးလွင်ထိတက်ပြီး နေ့လည်စာတွေ တက်စားတဲ့အဆင့်ရှိရောက်လာပြီတစ်နှစ်တခါ ထမနှဲ ထိုးပြိုင်ခဲ့တဲ့​အချိန်တွေဘောလုံးရာသီဆိုလည်း ကိုယ့်မေဂျာ ကို အကြီးအကျယ်တွေအားပေးပြီး ရန်ဖြစ်ခဲ့တာတွေတကယ်ပြန်မရနိုင်တဲ့အမှတ်တရကိုယ့်ရဲ့တက္ကသိုလ် လေးနှစ်လုံးက တကယ့် အကောင်းဆုံးပျော်စရာအကောင်းဆုံး အချိန်တွေဖြစ်ခဲ့တာ ဘာနဲ့မှလဲလို့မရပါဘူးစာမေးပွဲ နီးရင် အသည်းအသန်တွေ စာတွေလုပ်စာတမ်းပြုစုဖို့ အတွက် စစ်ကိုင်းက စာသင်ကျောင်းတွေသွားလေ့လာခဲ့တာတွေ လည်းအမှတ်တရဘဲမန်းလေးမြို့ကြီးကိုချစ်တာ ပိတ်ရက်တွေဆိုတောင်ကြီးအိမ်တောင်မပြန်ချင်လောက်အောင်ဘဲခဏခဏ ရောက်တဲ့ ဦးပိန်တံတား အင်းဝ စစ်ကိုင်း မင်းကွန်း ဘယ်နှစ်ခါသွားသွားရိုးသွားတယ်ကိုမရှိဘဲ ပျော်တာ အရမ်းFarewell လုပ်တော့လည်း ငိုကြတာ ငိုကြတာပြန်မရနိုင်တော့ပေမယ့်အဲ့အချိန်လေးတွေသတိရလိုက်တာနောက်ခေါက်မန်းလေးလာရင် မင်းကွန်းခေါ်သွားကြပါ "ဆိုပြီးရေးသားထားပါတယ်။

Source: naw phaw eh htar ' s facebook acc 

Photo Credit: naw phaw eh htar ' s facebook page
Photo Credit: naw phaw eh htar ' s facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။