အနုပညာအလုပ်တွေမလုပ်ကိုင်တော့တဲ့ မင်းသားချောပိုင်ဇေရဲထွန်းကိုတော့ ပရိသတ်တွေက ဒီနေ့အချိန်ထိအားပေးချစ်ခင်နေကြဆဲဖြစ်ပါတယ်နော်။ပိုင်ဇေရဲထွန်းက ပျော်ရွှင်စရာမိသားစုဘဝလေးကိုပိုင်ဆိုင်ထားပြီး ကလေးသုံးယောက်ရဲ့ဖခင်ဖြစ်ပါတယ်။ပိုင်ဇေရဲထွန်းတို့ဇနီးမောင်နှံနှစ်ယောက်ကတော့ ကလေးတွေကိုလည်း သေချာပြုစုပျိုးထောင်ပေးကြပါတယ်နော်။

Photo Credit:Zin Thae Naing's Facebook Account
Photo Credit:Paing Zay Ye Tun's Facebook Account
Photo Credit:Paing Zay Ye Tun's Facebook Account
Photo Credit:Zin Thae Naing's Facebook Account

ဒီနေ့လေးဟာဆိုရင်တော့ ပိုင်ဇေရဲထွန်းရဲ့သမီးကြီးလေး ငြိမ်းခင်ခင်ပိုင်ရဲ့ မွေးနေ့ရက်မြတ်လေးဖြစ်ပါတယ်။သမီးကြီးလေးက အေးအေးဆေးဆေးနေတတ်ပြီး မောင်လေးတွေကိုလည်း အစ်မကြီးပီပီ ဂရုစိုက်စောင့်ရှောက်ပေးပါတယ်နော်။အခုဆိုရင်တော့ ပိုင်ဇေရဲထွန်းနဲ့ ဇင်သဲနိုင်တို့က သမီးကြီးလေးအတွက် မွေးနေ့ဆုမွန်ကောင်းကို အောက်ပါအတိုင်း ရေးသားထားကြတာဖြစ်ပါတယ်။

Photo Credit:Paing Zay Ye Tun's Facebook Account
Photo Credit:Paing Zay Ye Tun's Facebook Account
Photo Credit:Paing Zay Ye Tun's Facebook Account
Photo Credit:Paing Zay Ye Tun's Facebook Account

ဇင်သဲနိုင်က"ငပေါမလေး ဘယ်လို၁၄နှစ်ပြည့်သွားလဲစဉ်းစားမရဘူး အခုထိအဖေအမေနဲ့ ဖက်အိပ်တုန်း ပေါတောတောတွေလုပ်ပြတုန်း စိတ်ဆိုးလို့Juliaလို့ပဲခေါ်ခေါ် ငြိမ်းခင်ခင်ပိုင်လိုပဲခေါ်ခေါ်လုံးဝမကြိုက်သော မီးမီးလေးလို့ပဲခေါ်Juliaလေးလို့ပဲခေါ်လို့ ပြန်ပြောတတ်သောတစ်ခါတစ်ခါကျ သူ့အတွေးခေါ်ကအများကြီးကိုယ့်ထက်ပိုရင့်ကျက်မှန်ကန်နေပြန်ရောမောင်လေး၂ယောက်ကိုဆုံးမစကားတွေ အကြီးကြီးပြောတတ်သော ဖေဖေ့အသဲတုံး မေမေ့အချစ်တုံးလေး ဖိုးဖိုးဖွားဖွား အမ်းကုန်းအမ်းမတို့ရဲ့ အနှစ်တုံးလေး မွေးနေ့တိုင်းပျော်ရွှင်ပါစေ အထွေအထူးဆုတောင်းပေးစရာမလိုအောင်မိဘအပေါ်သိတတ်တဲ့သမီးမို့ မေ့သမီးလေးဘဝတစ်လျှောက်လုံးအေးချမ်းပျော်ရွှင်ပါစေ"ဆိုပြီး ရေးထားသလို ပိုင်ဇေရဲထွန်းကလည်း"Happy Birthday ချစ်တုံးလေး ကြီးလာမှ အ​ဖေနားအရမ်းကပ်ချွဲတတ်တဲ့ အခုထိ ကလေးလေးလိုနေတတ်တဲ့ဖေ့သမီးကြီး ဖေဖေ့နားအမြဲနေပြီးကပ်ချွဲနိုင်ပါစေ"ဆိုပြီး သမီးကြီးအတွက် ရေးသားထားကြတာဖြစ်ပါတယ်။

Photo Credit:Paing Zay Ye Tun's Facebook Account
Photo Credit:Zin Thae Naing's Facebook Account
Photo Credit:Zin Thae Naing's Facebook Account
Photo Credit:Zin Thae Naing's Facebook Account

Source&Photo Credit:Paing Zay Ye Tun&Zin Thae Naing's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။