မင်းသမီးချောလေး ချောရတနာကတော့ VCD ခေတ်ကတည်းက သီချင်းဗီဒီယိုတွေမှာ ပါဝင်သရုပ်ဆောင်ရင်း အရမ်းကိုရေပန်းစားအောင်မြင်ခဲ့တာ ဖြစ်ပါတယ် ။ချောရတနာက ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ အများအပြားရိုက်ကူးခဲ့ရသလို အကယ်ဒမီဆုကိုလည်း ဆွတ်ခူးရရှိခဲ့တာ ဖြစ်ပါတယ် ။ အနုပညာမှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့တဲ့ ချောရတနာက အိမ်ထောင်ကျပြီးနောက်ပိုင်းမှာလည်း အနုပညာလှုပ်ရှားမှုတွေကို အနည်းငယ်လုပ်ကိုင်နေဆဲ ဖြစ်ပါတယ် ။

Photo Credit-Chaw Yadanar's FB Acc
Photo Credit-Chaw Yadanar's FB Acc
Photo Credit-Chaw Yadanar's FB Acc

ချောရတနာမှာတော့ ချစ်စရာကောင်းတဲ့သားလေးတစ်ယောက်ရယ်၊ သမီးလေးတစ်ယောက်ရယ်နဲ့ ပျော်ရွှင်စရာမိသားစုဘဝလေးကို ရရှိထားတာ ဖြစ်ပါတယ် ။ ခင်ပွန်းဖြစ်သူရဲ့ဂရုစိုက်ကြင်နာမှုကိုလည်း ရရှိထားတဲ့ ချောရတနာက စိတ်ချမ်းသာပျော်ရွှင်နေရတာပဲ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ ချောရတနာက သားနဲ့သမီးကို ပြုစုစောင့်ရှောက်ရင်း ကလေးတွေရဲ့အသည်းယားစရာအမူအရာလေးတွေကိုကြည့်ပြီး အချစ်ပိုနေရတာလည်း ဖြစ်ပါတယ် ။

Photo Credit-Chaw Yadanar's FB Acc
Photo Credit-Chaw Yadanar's FB Acc
Photo Credit-Chaw Yadanar's FB Acc

အခုလည်း ချောရတနာက သားနဲ့သမီးရဲ့လှုပ်ရှားမှုလေးတွေကို ဗီဒီယိုလေးရိုက်ပြီး တင်ထားတာ ဖြစ်ပါတယ် ။ ဒီဗီဒီယိုလေးမှာတော့ ချောရတနာရဲ့သမီးငယ်လေး Co Co က ကိုကိုဖြစ်သူကို အတင်းပွေ့ဖက်ပြီး အာဘွားတွေတစ်ဝကြီးပေးကာ ချစ်နေတာပဲ ဖြစ်ပါတယ် ။ CoCo လေးတို့မောင်နှမကတော့ အမြဲတမ်းချစ်ချစ်ခင်ခင်နဲ့ ပျော်စရာကောင်းနေတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် Co Co လေးတို့မောင်နှမရဲ့ချစ်စရာဗီဒီယိုလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Chaw Yadanar's FB Acc

Photo Credit-Chaw Yadanar's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။