Photo credit -MDL

Dota 2 Majors and Minors Registeration page မှာတော့ 23Savage ဟာ Vici Gaming line up ကနေ remove လုပ်ခံခဲ့ရတာကို ဖော်ပြခဲ့ပါတယ်။

ဒါ့ကြောင့် လူအများက 23Savage အနေနဲ့ Vici Gaming ကနေ တကယ်ပဲ kick ခံလိုက်လားဆိုတဲ့ မေးခွန်းတွေ ထုတ်နေကြပါတယ်။

တချို့ကတော့ Dota 2 Majors and Minors Registration ဟာ အသင်းတစ်သင်းကို players ငါးယောက်ပဲ register လုပ်ဖို့ ခွင့်ပြုထားတာကြောင့် ဖြစ်နိုင်တယ်လို့ ယူဆထားကြပါတယ်။

23Savage ကိုယ်တိုင်ကလည်း သူ့ရဲ့ twitter အကောင့်မှာ DPC ဟာ အသင်းတစ်သင်းမှာ players ငါးယောက်ကိုပဲ ခွင့်ပြုထားတာကြောင့် သူတို့အနေနဲ့ ယခုလာမယ့် tournament အတွက် အခုလိုလုပ်ခဲ့တာပါ၊ ငါ China ကိုရောက်တာနဲ့ Vici Gaming ကိုသွား join မှာပါလို့ တင်ထားတာတွေ့ရပါတယ်။

လက်ရှိ China Region မှာဆိုရင်လည်း dota 2 ပြိုင်ပွဲတွေ ပြန်လည်စတင်နေပီဆိုပေမယ့် 23Savage ကတော့ Vici Gaming ရဲ့ camp ကိုသွားရောက်နိုင်ခြင်း မရှိသေးပဲ Among Us နဲ့အတူ BTS Pro Series ကိုဝင်ရောက်ယှဥ်ပြိုင်နေပါတယ်။

23Savage အနေနဲ့ Vici Gaming ရှိရာ တရုတ်ကို သွားဖို့ VISA အခက်အခဲတွေ ရှိနေပြီး နောက်လထဲမှာ​တော့ တရုတ်ကို ရောက်သွားနိုင်ခြေရှိပါတယ်။

ဒီအကြောင်းအရာနဲ့ပတ်သတ်ပီးတော့ လက်ရှိမှာ ကောလဟာလတွေ အများအပြားထွက်ပေါ်နေပြီး ဘယ်လိုဖြစ်လာမလဲဆိုတာကတော့ Vici Gaming နဲ့ 23Savage ရဲ့ကြေညာချက်ကိုပဲ စောင့်ကြည့်သွားရမှာပါပဲ။

Source -23Savage twitter and Dota 2 Majors and Minors Registeration page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။