Photo Credit - Virtus.pro twitter

Virtus.pro ကတော့ သူတို့ရဲ့ second dota 2 team Vp.Prodigy ကိုဖွဲ့စည်းပြီး လအနည်းငယ်လောက်အကြာမှာ နောက်ထပ်ခြေလှမ်းသစ် တစ်ခုကို စတင်ခဲပြီပဲ ဖြစ်ပါတယ်။

Virtus.pro စတင်ခဲ့တာကတော့ Vp.Prodigy နာမည်နဲ့ပဲ သူတို့ရဲ့ second cs:go team ကိုစတင်ဖွဲ့စည်းခဲ့တာပဲ ဖြစ်ပါတယ်။

Virtus.pro ရဲ့ CEO ဖြစ်သူ Sergey Glamazda ကတော့ သူတို့ဖွဲဲ့စည်းထားတဲ့ Vp.Prodigy dota 2 team ဟာ dota 2 မှာ အောင်မြင်လာပြီးနောက်မှာ လူငယ် players တွေဟာ မြေတောင်မြှောက်ပေးသင့်တဲ့ အနာဂတ်ကြယ်ပွင့်တွေ ဖြစ်ကြောင်း သိသာထင်ရှားလာပါတယ်။

ဒါ့ကြောင့် ငါတို့ ဒီလမ်းကိုဆက်လျှောက်ပြီး second cs:go team ကိုဖွဲ့စည်းဖို့ ဆုံးဖြတ်ခဲ့တာပါ။

အခုလို second team တွေကိုဖွဲ့စည်းရတာဟာ ငါတို့ရဲ့ esports နဲ့ပတ်သတ်တဲ့ စိတ်အားထက်သန်မှုကိုပြတဲ့နောက်ထပ် နည်းလမ်းတစ်ခုဖြစ်ပြီး လက်စွမ်းထက်တဲ့ လူငယ် players တွေ ပေါ်ထွက်လာဖို့အတွက် ရည်ရွယ်ပါတယ် လို့ပြောကြားခဲ့ပါတယ်။

Virtus.pro အခုအသစ်ဖွဲ့စည်းခဲ့တဲ့ Vp.Prodigy cs:go team ကတော့ Russsia နဲ့ CIS က youngster players တွေနဲ့ ဖွဲ့စည်းခဲ့တာပဲ ဖြစ်ပါတယ်။

Vp.Prodigy cs:go team ရဲ့ roster အပြည့်အစုံကတော့

Aleksandr "mefixs" Ilukhin

Serhii "muR" Hres

Maxim "awesome" Zyuzko

Vadym "h1glaiN" Tanasiuk

Evgeny "Norwi" Ermolin

Vladislav "flash_1" Bykov

တို့ပဲဖြစ်ပါတယ်။

Source - Virtus.pdo twitter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။