ချစ်ရတဲ့ ပရိသတ်ကြီးရေ... အနုပညာရှင်မျိုးဆက်သစ်လေးတစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင် မင်းသမီးချောလေး ဆောင်းယွန်းစံကတော့ အားလုံးရဲ့ အသည်းတွေကို ခြွေယူထားသူလေးပဲတစ်ယောက်ပဲ ဖြစ်ပါတယ်နော်..။ လတ်တလောမှာအနုပညာလှုပ်ရှားမှုအနေနဲ့ ကြော်ငြာလေးတွေကို လက်ခံရိုက်ကူးပေးနေတဲ့ မင်းသမီးချောလေး ဆောင်းယွန်းစံကတော့ ပြီးခဲ့တဲ့နှစ်က အကယ်ဒမီထူးချွန်ဆုပေးပွဲမှာလည်း ရွှေကြိုလေးအဖြစ်ပါဝင်ခဲ့ပြီး ပရိသတ်တွေရဲ့ အချစ်တွေကို ထပ်မံပြီး အခိုင်အမာ ရယူထားတဲ့ သူလေးပါနော်...။

Photo credit - Saung Yoon San's FB page
Photo credit - Saung Yoon San's FB page

သူမကတော့ စွဲမက်စရာ သွယ်လျကျစ်လျစ်တဲ့ သေးသေးသွယ်သွယ် body ကိုပိုင်ဆိုင်ထားတဲ့အပြင် ချစ်စရာအပြုံးလေးတွေကြောင့် ပုရိသတွေရဲ့ အသည်းစွဲအားပေးဝန်ရံနေရတာဖြစ်ပါတယ်။ မကြာခဏဆိုသလို သူမရဲ့ လူမှုကွန်ယက် စာမျက်နှာထက်မှာ ပရိသတ်တွေနဲ့ အဆက်သွယ်မပြတ်သွားအောင် ပုံရိပ်လေးတွေကို ဖော်ပြပေးတာကိုတွေ့ရပါတယ်။ 

Photo credit - Saung Yoon San's FB page

ယခုတစ်ခါမှာလည်း မင်းသမီးချောလေး ဆောင်းယွန်းစံ က မြင်သူတိုင်းငေးမောသွားစေလောက်မယ့် အမိုက်စားပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် တင်ပေးလာခဲ့ပြန်ပြီလည်းဖြစ်ပါတယ်။ သနပ်ခါးလေးနဲ့ ရိုးယဥ်စွာလှနေတဲ့ သူမရဲ့ ပုံလေးတွေအပြင် " ပါးပေါ်က သနပ်ခါးလေးကို နမ်းချင်လား ဆောင်းယွန်းကို နမ်းချင်လား " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာဖြစ်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်.... ။

Photo credit - Saung Yoon San's FB page
Photo credit - Saung Yoon San's FB page

Photo credit - Saung Yoon San's FB page 

Source - Saung Yoon San's FB page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။