ချစ်ပရိသတ်ကြီးရေ အဆိုတော်ဖြူဖြူကျော်သိန်းကတော့ အသံပါဝါကောင်းကောင်းနဲ့ ပရိသတ်တွေရဲ့ အားပေးမူကိုတစ်ခဲနက်အားပေးမှုတွေနဲ့ အောင်မြင်နေတဲ့ အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့ သီချင်းတွေကလည်း ပရိသတ်တွေကြားမှာ ရေပန်းစားအကြိုက်တွေ့စေခဲ့ သီချင်းကောင်းတွေပဲဖြစ်ပါတယ်။ ဖြူဖြူကျော်သိန်းဟာ စကားပြောရင်လည်း ပွင့်လင်းမှုရှိပြီး ရိုးသားတဲ့စိတ်ထားလေးတွေကြောင့် ပရိသတ်တွေကအချစ်ပိုနေတဲ့သူလေးပဲဖြစ်ပါတယ်။

Photo Credit - Dior by Heart
Photo Credit - Dior by Heart
Photo Credit - Dior by Heart

ဝတ်စားဆင်ယဉ်မှုတွေမှာလည်း အမိုက်စားဖက်ရှင်တွေကို ဝတ်ဆင်တတ်တာကြောင့် ဖက်ရှင်ဘုရင်မလိုတောင် တချို့ကနာမည်ပေးထားပါသေးတယ်။ လတ်တလော Stay Home ကာလလေးမှာလည်း အိမ်မှာနေရင်း ပရိသတ်တွေ ချစ်အားပိုအောင် ပုံလေးတွေရိုက်ကူးပြီး မျှဝေပေးပါတယ်။ ယခုမှာလည်း ဖြူဖြူကျော်သိန်း က ပရိသတ်တွေအတွက် နောက်ထပ်အသည်းယားစရာ ပုံလေးတွေကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - Dior by Heart
Photo Credit - Dior by Heart
Photo Credit - Dior by Heart

ဒီပုံလေးတွေထဲမှာတော့ ဖြူဖြူကျော်သိန်း က အဖြူရောင်ဂါဝန်လေးကို ဝတ်ဆင်ထားပြီး ကလေးလေးတစ်ယောက်လို ချစ်ဖို့ကောင်းတဲ့ အမူအရာလေးတွေနဲ့ ပို့စ်ပေးထားတာဖြစ်ပါတယ်။ ဒီပုံလေးတွေနဲ့လည်း ဖြူဖြူကျော်သိန်း က " လွမ်းနေပေမယ့်လည်း လှနေရမယ်လို့ ကိုကိုက ကလေးကို မှာထားလို့ ဖြစ်သလိုလေးရိုက်ပြီး အလွမ်းပြေပုံတင်ပေးလိုက်တယ်နော်..."အလွမ်းပုံပြင်" လေးနားထောင်ရင်း လွမ်းနေလိုက်...အိမ်ထဲမှာဆက်နေမယ်၊ ဆက်ချစ်မယ်၊ဆက်လွမ်းမယ်" ဆိုပြီး ရေးသားဖော်ပြပေးထားပါသေးတယ်။ ကဲ...ပရိသတ်ကြီးရေ ဟန်ဆောင်မှုကင်းတဲ့ အမူအရာလေးတွေနဲ့ မြင်သူတိုင်းချစ်အားပိုအောင် ဓာတ်ဖမ်းထားတဲ့ ဖြူဖြူကျော်သိန်း ရဲ့ ပုံလေးတွေကိုပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Dior by Heart
Photo Credit - Dior by Heart
Photo Credit - Dior by Heart

Photo Credit - Dior by Heart

Source -Phyu Phyu Kyaw Thein's facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။