ပရိသတ်ကြီးရေ သရုပ်ဆောင်ရီရီပွင့်ဖြူနဲ့ သရုပ်ဆောင်မောင်တို့ ချစ်သူနှစ်ယောက်ကတော့ တွဲလက်တွေခိုင်မြဲလာကြတာ ယနေ့အချိန်ထိပဲဖြစ်ပါတယ်။ရီရီပွင့်ဖြူတို့စုံတွဲလေးက တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ပြီး နားလည်မှုအပြည့်နဲ့ လက်တွဲနေကြတာဖြစ်ပါတယ်။ရီရီပွင့်ဖြူနဲ့မောင်တို့စုံတွဲလေးက အရမ်းအားကျဖို့ကောင်းလို့ ပရိသတ်တွေကသဘောတူနေကြတာဖြစ်ပါတယ်။

Photo Credit:SEIN PHYO&YI's Facebook page
Photo Credit:SEIN PHYO&YI's Facebook page

မောင်ကတော့ တူ၊တူမလေးတွေနဲ့အတူ ဟိုတယ် Quarantineဝင်ပြီး Positiveဖြစ်ခဲ့တာကြောင့် လက်ရှိမှာတော့ ဧရာဝတီစင်တာကို ရောက်ရှိနေတာဖြစ်ပါတယ်။ရီရီပွင့်ဖြူကလည်း Negativeထွက်တဲ့သူတွေနဲ့ အဖော်ပြုပေးပြီး ဟိုတယ်Quarantineလိုက်ဝင်ပေးခဲ့တာဖြစ်ပါတယ်။ရီရီပွင့်ဖြူရဲ့ မိသားစုစိတ်ဓာတ်အပြည့်ရှိတာလေးကို နန္ဒာလှိုင်တို့ကလည်း ကျေးဇူးတင်နေတာဖြစ်ပါတယ်နော်။

Photo Credit:SEIN PHYO&YI's Facebook page
Photo Credit:SEIN PHYO&YI's Facebook page

ရီရီပွင့်ဖြူနဲ့မောင်တို့က တစ်ယောက်တစ်နေရာစီရှိနေပေမယ့် အဆက်အသွယ်မပြတ်အောင် Video Callလေးပြောကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း ရီရီပွင့်ဖြူတို့နှစ်ယောက်က သူတို့ရဲ့ Covid19အတွေ့အကြုံကို Liveလွှင့်ပြီး ပြောခဲ့တာဖြစ်ပါတယ်။မောင်ကလည်း သူ့ရဲ့အတွေ့အကြုံတွေကို မျှဝေပြီး နှစ်ယောက်သားအရမ်းချစ်ဖို့ကောင်းနေတဲ့ ဗီဒီယိုဖိုင်လေးကို ပရိသတ်ကြီးလည်း နားထောင်ရအောင်လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:SEIN PHYO&YI's Facebook page
Photo Credit:SEIN PHYO&YI's Facebook page

Photo Credit:SEIN PHYO&YI's Facebook page

Source&Video Credit:SEIN PHTO&YI's Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။