ပြည်သူချစ်အနုပညာရှင်တစ်ဦးဖြစ်တဲ့ ဝေဠုကျော်ကတော့ ပရဟိတလုပ်ငန်းတွေကို ကြိုးစားပမ်းစား လုပ်ကိုင်နေသူပဲ ဖြစ်ပါတယ် ။ ဝေဠုကျော်က အနုပညာအလုပ်တွေကိုရပ်နားထားခဲ့တာ အချိန်အတော်ကြာရှိနေပြီလည်း ဖြစ်ပါတယ် ။ ဝေဠုကျော်ဖောင်ဒေးရှင်းကိုပါ တည်ထောင်ပြီး အများအကျိုးကို သယ်ပိုးနေတဲ့ ဝေဠုကျော်ကို ပရိသတ်တွေကလည်း လေးစားချစ်ခင်နေရတာ ဖြစ်ပါတယ် ။ အခုလို Covid ကာလမှာလည်း ဝေဠုကျော်က လူနာတင်ကားကိုပါသူကိုယ်တိုင်မောင်းပြီး ကူညီဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ် ။

Photo Credit-Wai Lu Kyaw Foundation's FB Page
Photo Credit-Wai Lu Kyaw Foundation's FB Page
Photo Credit-Wai Lu Kyaw Foundation's FB Page

အခုတော့ ဝေဠုကျော်က သူ့လိုပဲ အများအကျိုးသယ်ပိုးနေတဲ့ လူရွှင်တော်အောင်သော်နဲ့တွေ့ဆုံတုန်းမှာ စကားလက်ဆုံကျခဲ့တာ ဖြစ်ပါတယ် ။ ဝေဠုကျော်က "(၆)လတိတိရှိခဲ့ပြီ ​ကျွန်​တော်တို့တွေ ကိုဗစ်ကာကွယ်ထိန်းချုပ်​ရေးအတွက် တိုင်းကျန်းမာ​ရေးရဲ့ကွပ်ကဲမှုနဲ့အတူနိုင်သ၍ ဝိုင်းကူခဲ့တာ (၆)လပြည့်တဲ့ညမှာ ထမင်းတူတူ စားဖြစ်ပြန်တယ်။ (၆)လအတွင်းမှာ ဒုတိယအကြိမ်​ပေါ့ စခန်းနေရာက တ​စ်နေရာစီဆို​တော့ ကျန်တဲ့အချိန်​တွေမှာ​တွေ့ဖြစ်ကြ​ပေမယ့် အလုပ်ကိုယ်စီနဲ့ ​အ​ပြေးအလွှားကူ​နေကြရ​တော့ စကား​တောင်​အေး​ဆေး သိပ်မ​ပြောဖြစ်ကြဘူး။ အခုလည်း (၆) လပြည့်တာ သူသိလို့လာတာမဟုတ်ပါဘူး လမ်းကြုံလို့ ကျွန်​တော်တို့စခန်းမှာ PPE ဝင်ချွတ်ရင်း ညစာ အတူစားဖြစ်ရင်းမှ တို့ကူ​နေတာ (၆)လပြည့်ပြီဆိုတာ သတိရကြတာပါ"

Photo Credit-Wai Lu Kyaw's FB Page
Photo Credit-Wai Lu Kyaw's FB Page
Photo Credit-Wai Lu Kyaw's FB Page

"တွေ့​တော့လည်း ကိုဗစ်အ​​တွေ့ ကြုံ​တွေထဲက ရယ်စရာ မောစရာအဖြစ်ပျက်​တွေကို ​ပြန်ပြောရင်း ခဏတာ အ​​မောတွေ​ပြေခဲ့ရတာ​ပေါ့ ....ညီ​ရေ တို့တွေလိုပဲ နိုင်သ၍ကူ​​နေကြတဲ့သူ​တွေအများကြီးပါ။ အဲ့ဒီထဲမှာ တို့​တွေလည်း အပါဝင်​ပေါ့ အားလုံးလည်း ပန်း​နေကြပြီ တစ်ချို့တွေဆို Q ဝင်ကြရတဲ့ သူ​တွေ P+ ဖြစ်လို့ ကုသမှုခံယူရတဲ့သူ​တွေပါရှိလာပြီ​လေ တို့နှစ်​ယောက်လည်း တစ်ချိန်မှာ​တော့ Q နဲ့ P+ တခုခု​တော့ထိလာနိုင်တယ် အခုလိုတွေ့ဖို့ဆိုတာ ​နောက်ရှိချင်မှရှိမှာ အစစဂရုစိုက်ပါညီ ...အားလုံးကို ​လေးစားတန်ဖိုးထားလျှက် ​ဝေဠု​ကျော် ခေတ္တ (သံလွင်​ဆောင်ကျိုက္ကဆံကွင်း)အများနည်းတူကိုယ်လည်းကူ(ဘာ​တွေ​ပြောပြီးရယ်ခဲ့ကြတယ်ဆိုတာ ဆက်လက်​ရေးသားပါဦးမည် )" ဆိုပြီး ရေးသားမျှဝေခဲ့တာပဲ ဖြစ်ပါတယ် ။

Source & Photo Credit-Wai Lu Kyaw's FB Page

Photo Credit-Wai Lu Kyaw's FB Page
Photo Credit-Wai Lu Kyaw's FB Page
Photo Credit-Wai Lu Kyaw's FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။