ယနေ့ချိန်ထိ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်နေရဆဲဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင် အားပေးမှုတွေကို ရရှိထားသူကတော့ သရုပ်ဆောင် မင်းသား နိုင်းနိုင်းပဲ ဖြစ်ပါတယ်။ သူဟာ ဆယ်စုနှစ်ကျော်တိုင်အောင် အနုပညာလောကမှာ ထွန်းလင်းတောက်ပနေတဲ့ ကြယ်ပွင့်လေးအဖြစ် ရပ်တည်လျက် ရှိနေတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကိုပါ ဖန်တီးတည်ဆောက်ထားတာလည်း ဖြစ်ပါတယ်။

Photo Crd- Actor99’s Facebook Page
Photo Crd- Actor99’s Facebook Page
Photo Crd- Actor99’s Facebook Page

ပရိသတ်တွေကလည်း နိုင်းနိုင်းတို့ရဲ့ မိသားစုဘဝလေးကိုကြည့်ကာ ကြည်နူးအားကျနေကြတာလည်း ဖြစ်ပါတယ်။ သူဟာ မကြာသေးခင်က ဇနီးနဲ့ ကလေးတွေရှိရာ အမေရိကန်နိုင်ငံ နယူးယောက်မြို့ကို သွားရောက်လည်ပတ်ပြီး အခုမှာတော့ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိနေပြီပဲ ဖြစ်ပါတယ်။ မကြာသေးခင် မိနစ်ပိုင်းလောက်ကလည်း သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။

Photo Crd- Actor99’s Facebook Page
Photo Crd- Actor99’s Facebook Page
Photo Crd- Actor99’s Facebook Page

ဒါကတော့ မိသားစုနဲ့အတူ ကြည်နူးပြုံးပျော်စွာ ပျော်ပွဲစားထွက်ခဲ့တဲ့ ဗီဒီယိုလေးကို ပြန်လည်ဝေမျှပေးလိုက်တာပဲ ဖြစ်ပါတယ်။ နိုင်းနိုင်းကလည်း " ရတဲ့အချိန်လေးကို မိသားစု ခရီးထွက်....ချစ်သောသူများလည်း အခုအချိန်မှာ ကိုယ်နှင့်ကိုယ့်မိသားစုကို ဂရုစိုက်ကြပါ......." ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် ဒီဗီဒီယိုလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Actor99’s Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။