တေးသီချင်းကောင်းလေးတွေကို အသံချိုချိုလေးနဲ့သီဆိုတဲ့ တေးသံရှင်ပိုပိုကတော့ ပရိသတ်တွေကြိုက်နှစ်သက်ခဲ့ရတဲ့အဆိုတော်တစ်ယောက်ဖြစ်ပါတယ် ။ပိုပိုရဲ့သီချင်းဟောင်းလေးတွေကိုလည်း ပရိသတ်တွေက နားထောင်နေကြဆဲဖြစ်ပြီး လတ်တလောမှာထွက်ရှိထားတဲ့ သီချင်းသစ်လေးတွေကိုလည်း ကြိုက်နှစ်သက်နေကြတာလည်းတွေ့ရပါတယ်။

Photo Credit : Po Po Facebook Page
Photo Credit : Po Po Facebook Page

ပိုပိုက လူငယ်ဆန်ဆန် လွတ်လပ်ပေါ့ပါးစွာ နေထိုင်တတ်သူလေးဖြစ်ပြီး ခေတ်မှီလှပတဲ့ ဖက်ရှင်လေးတွေကို ဝတ်စားဆင်ယင်လေ့ရှိတာလည်းတွေ့ရပါတယ်။လတ်တလောမှာတော့ သူကိုယ်တိုင်စိုက်ထားတဲ့ အပင်လေးနဲ့အတူရိုက်ထားတဲ့ပုံလေးတွေကို "ချစ်သူ့ရဲ့ ပန်းခြံမှာ ဥယျာဉ်မှူးလေး ဖြစ်ချင်လို့ ဥယျာဉ်မှူး အလိုရှိရင် ပြောနော် ဪ တစ်ခုတော့ ရှိတယ် မိတ်ကပ်ဖိုးနဲ့ Skin Care ဖိုး ပဲလေးပဲ ပေး "ဆိုတဲ့စာလေးကို စနောက်ကာဖော်ပြထားတာတွေ့ရပါတယ်။

Photo Credit : Po Po Facebook Page
Photo Credit : Po Po Facebook Page

ပုံလေးတွေတိုင်းမှာ ပိုပိုတစ်ယောက် သဘာဝတိုင်းလေး ချစ်စရာကောင်းနေတာလည်းဖြစ်ပါတယ်။ပိုပိုရဲ့ လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါးဖက်ရှင်လေးနဲ့ ချစ်စရာကောင်းနေတဲ့ ဟန်ပန်အမူအရာလေးတွေကလည်း ပရိသတ်တွေကို အချစ်ပိုစေခဲ့တာလည်း ဖြစ်ပါတယ်။ချစ်ပရိသတ်ကြီးလည်း သူမရဲ့ ပုံရိပ်လေးတွေကို ကြည့်ရှုနိုင်စေရန် ဖော်ပြပေးလိုက်ပါတယ်။ ပိုပိုလည်း ဒီထက်မက အောင်မြင်မှုတွေရရှိပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Photo Credit : Po Po Facebook Page
Photo Credit : Po Po Facebook Page

Source & Photo Credit : Po Po Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။