သရုပ်ဆောင်ပိုင်ဇေရဲထွန်းတို့မိသားစုလေးဟာဆိုရင်လည်းပဲ ပရိသတ်တွေရဲ့ ချစ်ခင်အားကျမှုတွေကို ရရှိထားတာဖြစ်ပါတယ်။ပိုင်ဇေရဲထွန်းက အနုပညာအလုပ်တွေမလုပ်ကိုင်တော့ဘဲ မိသားစုနဲ့သာ ပျော်ရွှင်စရာအချိန်လေးတွေကုန်ဆုံးနေတာဖြစ်ပါတယ်။ပိုင်ဇေရဲထွန်းနဲ့ဇင်သဲနိုင်တို့ဇနီးမောင်နှံနှစ်ယောက်ကလည်း အေးအတူပူအမျှနဲ့လက်တွဲပြီး အပြန်အလှန်ကြင်နာယုယကြပါတယ်နော်။

Photo Credit:Zin Thae Naing's Facebook Account
Photo Credit:Zin Thae Naing's Facebook Account
Photo Credit:Zin Thae Naing's Facebook Account
Photo Credit:Zin Thae Naing's Facebook Account

ဇင်သဲနိုင်ကလည်း ဘက်စုံထူးချွန်တဲ့သူတစ်ယောက်ဖြစ်တာကြောင့် လတ်တလောမှာလည်း မုန့်လေးတွေဖုတ်ပြီး အွန်လိုင်းပေါ်မှာ ရောင်းနေတာဖြစ်ပါတယ်။ဇင်သဲနိုင်ရဲ့မုန့်လေးတွေကလည်း အရမ်းချစ်စရာကောင်းလို့ ပရိသတ်အများအပြားက မှာယူစားသောက်ကြပါတယ်နော်။အခုဆိုရင်လည်း ဇင်သဲနိုင်က သမီးကြီးလေးရဲ့မွေးနေ့အတွက် ကိုယ်တိုင်ကိတ်မုန့်ဖုတ်ပေးထားတာဖြစ်ပါတယ်။

Photo Credit:Zin Thae Naing's Facebook Account
Photo Credit:Zin Thae Naing's Facebook Account
Photo Credit:Zin Thae Naing's Facebook Account
Photo Credit:Zin Thae Naing's Facebook Account

ပိုင်ဇေရဲထွန်းတို့မိသားစုလေးကတော့ အိမ်မှာပဲ ပျော်ပျော်ရွှင်ရွှင်နဲ့ သမီးကြီးလေးအတွက် မွေးနေ့ပွဲလေးပြုလုပ်ပေးတာဖြစ်ပါတယ်။သမီးလေးကလည်း မေမေလုပ်ပေးတဲ့ကိတ်မုန့်လေးတွေကိုကြည့်ပြီး အရမ်းပျော်ရွှင်နေတာပါနော်။ချစ်ချစ်ခင်ခင်နဲ့ ‌အရမ်းပျော်စရာကောင်းတဲ့ ပိုင်ဇေရဲထွန်းတို့ရဲ့မိသားစုပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Paing Zay Ye Tun's Facebook Account
Photo Credit:Paing Zay Ye Tun's Facebook Account
Photo Credit:Paing Zay Ye Tun's Facebook Account
Photo Credit:Paing Zay Ye Tun's Facebook Account

Source&Photo Credit:Paing Zay Ye Tun&Zin Thae Naing's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။