ပရိသတ်ကြီးရေ ကိုပေါက်ကတော့ ဇာတ်ပို့၊ ဇာတ်ရံ တစ်ယောက်အနေ နဲ့ အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့ပြီး နေရာတစ်နေရာရရှိအောင် ကြိုးစားလုပ်ကိုင်လာခဲ့တဲ့ သူပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ ကိုပေါက်ဟာ ဇာတ်ညွန်းရေး ၊ ဒါရိုက်တာ တစ်ယောက်အဖြစ် ရပ်တည်ထားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ ကိုပေါက်က သာယာပျော်ရွှင် တဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားပြီး ချစ်စရာ သားလေးနှစ်ယောက်ကိုလည်းမွေးထားပါသေးတယ်။

Photo Credit - Aung Min Naing 's fb account
Photo Credit - Aung Min Naing 's fb account

ဒါ့အပြင် အနုပညာကို အထူးဝါသနာကြီးလွန်းတဲ့ ကိုပေါက် ကတော့ ပရိသတ်တွေအတွက် သူ ဆော့ကစားထားတဲ့ tik tok ဟာသဗီဒီယိုလေးကို အမြဲ ဖော်ပြပေးလေ့ရှိပါတယ်။ သူ့ရဲ့ ဟာသ tik tok ဗီဒီယိုလေးတွေကလည်း ပရိသတ်တွေကြားမှာရေးပန်းစားပြီး များစွာအားပေးတဲ့ tik tok ဗီဒီယိုလေးတွေပဲဖြစ်ပါတယ်။ ယခုမှာဆိုရင်လည်း ကိုပေါက် ကတော့ ချစ်ဇနီးလေးနဲ့ အတူ သရုပ်ဆောင်ထားတဲ့ ဟာသ ဗီဒီယိုလေး ကို ပရိသတ်တွေအတွက် လူမှုကွန်ယက်စာမျက်နှာမှာတင်ပေးလာခဲ့ပါတယ်။

Photo Credit - Aroma(photography )
Photo Credit - Aroma(photography )

ဒီဗီဒီယိုလေးထဲမှာတော့ ဇနီးဖြစ်သူရဲ့ အနစ်နာခံတဲ့ နောက်ကွယ်က အကြောင်းအရာလေးကို နှစ်ယောက်အတွဲညီညီ နဲ့ ကြည့်မိသူတိုင်း ရယ်မော်သွားအောင် ရိုက်ကူးပုံဖော်ပြထားတာဖြစ်ပါတယ်။ ဒီဗီဒီယိုလေး နဲ့လည်း ကိုပေါက် က " ဒီလိုမျိုး အနစ်နာခံ အငတ်ခံပြီး ညှာတာတတ်တဲ့ မိန်းမကိုမနည်းရှာထားရတာ"ဆိုပြီး ဆိုပြီး ရေးသားဖော်ပြပေးထားပါသေးတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ ယခုမှာတော့ ရယ်မောပျော်ရွှင်စေဖို့အတွက် ကိုပေါက် ရဲ့ ဟာသ ဗီဒီယိုလေးကို ပြန်လည်ကူးယူဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Aung Min Naing 's fb account & Aroma

Video & Source - Aung Min Naing 's fb account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။