မင်းသမီးချောလေး ဖြူဖြူထွေးကတော့ နာမည်လေးနဲ့လိုက်အောင် ဖြူစင်တဲ့စိတ်ထားကောင်းကို ပိုင်ဆိုင်ထားသူလေးဆိုတာ ချစ်ပရိသတ်တွေလည်း သိပြီးသားဖြစ်ကြမယ် ထင်ပါတယ်နော် ။ သူမရဲ့ရိုးသားတဲ့အပြုအမူ၊ အများကိုကူညီတတ်တဲ့ စိတ်ဓာတ်လေးနဲ့လုပ်ရပ်လေးတွေကပဲ အားလုံးရဲ့လေးစားချစ်ခင်မှုကို ရရှိစေခဲ့တာ ဖြစ်ပါတယ် ။ အခုဆိုရင် ဖြူဖြူထွေးက ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ကြော်ငြာတွေရိုက်ကူးပြီး အနုပညာလောကမှာ အောင်မြင်စွာရပ်တည်နေတာလည်း ဖြစ်ပါတယ် ။

Photo Credit- Amazing Grace
Photo Credit- Amazing Grace
Photo Credit- Phyu Phyu Htwe's FB Acc

ဖြူဖြူထွေးက တစ်နေ့တခြားဆိုသလို ပိုမိုအောင်မြင်လာပေမယ့်လည်း အရင်ကတုန်းအတိုင်း မာန်မာနမရှိဘဲ ပွင့်လင်းရိုးသားစွာ နေထိုင်နေဆဲ ဖြစ်ပါတယ် ။ ပျော်ပျော်နေတတ်တဲ့ ဖြူဖြူထွေးက ပရိသတ်တွေပျော်ရွှင်ရအောင် အခွီပုံစံလေးတွေနဲ့ အမြဲတမ်း ဖျော်ဖြေတင်ဆက်ပေးလေ့ရှိတာလည်း ဖြစ်ပါတယ် ။ မနေ့ညကလည်း ဖြူဖြူထွေးက Facebook မှာ Live လွှင့်ခဲ့ပြီး သီချင်းတွေနဲ့ ပျော်ပျော်ပါးပါးကပြခဲ့တာပဲ ဖြစ်ပါတယ် ။

Photo Credit- Phyu Phyu Htwe's FB Acc
Photo Credit- Phyu Phyu Htwe's FB Acc
Photo Credit- Phyu Phyu Htwe's FB Acc

ဒါ့အပြင် ဖြူဖြူထွေးက မိခင်ဖြစ်သူကိုပါခေါ်ပြီး ပျော်ပျော်ပါးပါးစကားပြောခဲ့သေးတာ ဖြစ်ပါတယ် ။ ဖြူဖြူထွေးတို့သားအမိနှစ်ယောက်ကတော့ Live လွှင့်ရင်း ရယ်စရာမောစရာ အဖြစ်အပျက်လေးတွေကို ပြောပြပြီး ပရိသတ်တွေကိုပါ အူတက်အောင်ခွီရလောက်အောင် လုပ်လိုက်တာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ဖြူဖြူထွေးနဲ့ မိခင်ဖြစ်သူရဲ့ဗီဒီယိုလေးကို အောက်မှာ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit- Phyu Phyu Htwe's FB Acc

Photo Credit- Phyu Phyu Htwe's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။