မင်းသမီးချောဆုပန်ထွာကတော့ အနုပညာအလုပ်တွေကိုလည်း ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်ရင်း ချစ်ရတဲ့မိသားစုလေးကိုလည်း အမြဲဂရုစိုက်ပေးနေတာဖြစ်ပါတယ်။ဆုပန်ထွာက မင်းသမီးတစ်ယောက်ဖြစ်ပေမယ့် အိမ်မှုကိစ္စနိုင်နင်းပြီး အချက်အပြုတ်ကျွမ်းကျင်လို့ အိမ်ရှင်မကောင်းတစ်ယောက်ပီသပါတယ်နော်။သူမရဲ့တစ်ဦးတည်းသောသားလေး Roar Roarကိုလည်းအသေးစိတ်ကအစ သူမကိုယ်တိုင် လုပ်ဆောင်ပေးတာဖြစ်ပါတယ်။

Photo Credit:Supan Htwar's Facebook Account
Photo Credit:Supan Htwar's Facebook Account

ဆုပန်ထွာရဲ့မိသားစုဘဝလေးက သာယာလှပပြီး ပျော်ဖို့ကောင်းတဲ့ မိသားစုလေးပဲဖြစ်ပါတယ်။ကိုဥက္ကာကျော်ကလည်း ချစ်ဇနီးနဲ့သားလေးကို မေတ္တာအပြည့်နဲ့ စောင့်ရှောက်ပေးတဲ့သူပါနော်။ဆုပန်ထွာကလည်း ကလေးတစ်ယောက်အမေဖြစ်ပြီး မနားတမ်းအလုပ်တွေလုပ်နေတာတောင် လှပနုပျိုမှုတွေက နည်းနည်းလေးမှမလျော့သွားဘဲ အရင်အတိုင်းလှပနေဆဲဖြစ်ပါတယ်။

Photo Credit:Supan Htwar's Facebook Account
Photo Credit:Supan Htwar's Facebook Account

အခုနောက်ပိုင်းမှာဆိုရင် ဆုပန်ထွာလည်း Tik Tok လေးတွေကစားလာပြီး လူမှုကွန်ယက်စာမျက်နှာမှာ တင်ပေးနေကျဖြစ်ပါတယ်။အခုဆိုရင်လည်း အမူအရာအပြည့်နဲ့ Tik Tokဆော့နေတုန်း သားလေးကဝင်ပြီးစကားပြောလိုက်လို့ "26.9.2020 သီချင်းတစ်ပုဒ်ဆုံးအောင်တောင်အိုင်တင်မလုပ်ရဘူး။ ဂယ်ပဲ"ဆိုပြီး အားမလိုအားမရဖြစ်သွားတဲ့ မေမေဆုပန်ထွာရဲ့Tik Tokလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Supan Htwar's Facebook Account
Photo Credit:Supan Htwar's Facebook Account

Photo Credit:Supan Htwar's Facebook Account

Source& Video Credit: Supan Htwar's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။