ပရိသတ်ကြီးရေ......ဖြူဖွေး၀င်းဥနေတဲ့အသားအရည်လေးကိုပိုင်ဆိုင်ထားပြီး ချစ်စရာတိုင်းရင်းသူလေးဖြစ်တဲ့ မြတ်ရတနာကျော်ကတော့ ပရိတ်သတ်တွေရဲ့အချစ်ကို သိမ်းပိုက်ရရှိထားတဲ့သူလေးဖြစ်ပါတယ်။ သူမဟာ အနုပညာလှုပ်ရှားမှုတွေကို အနည်းငယ်သာလုပ်ခဲ့ပေမယ့် ပရိတ်သတ်တွေကသူမကိုသတိထားမိပြီး ချစ်ခင်အားပေးခဲ့ကြတာပါ။ မြတ်ရတနာကျော်ဟာ music videoတွေမှာ ပါ၀င်သရုပ်ဆောင်ခဲ့တာဖြစ်ပြီး တစ်ခါတက္ကသိုလ်ဆိုတဲ့ သီချင်းလေးမှာ ပရိသတ်အားပေးမှု အများအပြားရရှိခဲ့တာပါ။

Photo credit-Sai Kaung Htet
Photo credit-Sai Kaung Htet

မြတ်ရတနာကျော်ဟာ အခုလက်ရှိမှာဆိုရင် အာဘွိုင်းနဲ့အတူသာယာပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်တစ်ခုကိုတည်ထောင်ထားတာလည်းဖြစ်ပါတယ်။ ဒါ့ပြင်ချစ်စရာကောင်းတဲ့သမီးလေး Scarlett Phyo Tunလေးကိုလည်း ပိုင်ဆိုင်ထားတာဖြစ်ပြီး သမီးလေးဟာလည်း ဖြူဖြူဖွေးဖွေးလေးနဲ့ အသည်းယားစရာလေးပါ။ မြတ်ရတနာကျော်ဟာ ဓာတ်ပုံလှလှလေးတွေလည်းရိုက်ရတာဝါသနာပါတဲ့သူလေးဖြစ်ပြီး မကြာခဏဆိုသလိုလည်း ပုံလေးတွေတင်ပေးတတ်ပါတယ်။

Photo credit-Sai Kaung Htet
Photo credit-Sai Kaung Htet

မကြာသေးမီကလည်း မြတ်ရတနာကျော်ဟာ သူမရဲ့ Facebookစာမျက်နှာမှာ "အင်းလေးသို့လွမ်းခြင်း" ဆိုတဲ့ captionလေးနဲ့ အင်းလေးကိုရောက်ခဲ့စဉ်က အမှတ်တရပုံလေးတွေကိုတင်ပေးလာပါတယ်။ မြတ်ရတနာကျော်ဟာ ချစ်စဖွယ်ပုံစံမျိုးစုံနဲ့ ဓာတ်ပုံလေးတွေရိုက်ကူးထားတာလည်းဖြစ်ပြီး အသည်းယားစရာကောင်းနေတာပါနော်။ ကဲ.....ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo credit-Sai Kaung Htet
Photo credit-Sai Kaung Htet

Source-Myat Yadanar Kyaw's Facebook acc

Photo credit-Sai Kaung Htet

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။