ချစ်ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသားကြီး ဦးကျော်သူကတော့ တစ်ခေတ်တခါကတည်းက အနုပညာလောကမှာ လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားလာခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်ပိုင်းမှာလည်း အနုပညာရှင်မောင်နုမတွေရဲ့ လေးစားအတုယူရပြီး အကယ်ဒမီ ဆုတွေကိုလည်းများစွာ ရရှိထားခဲ့ပါတယ်။ လက်ရှိမှာတော့ အနုပညာအလုပ်တွေအပြင် အရင်ကလို လုပ်ကိုင်တာမတွေ့ရတော့ပေမယ့်လည်း အနည်းအကျဥ်းမျှသာ လုပ်ကိုင်တာပဲတွေ့ရပါတယ်။

Photo Credit - Kyaw Thu fb account
Photo Credit - Kyaw Thu fb account

ဒါ့အပြင် လူမှုရေအကျိုးပြုလုပ်ငန်းတွေမှာလည်း ကိုယ်တိုင်ဦးစီးလုပ်ဆောင်နေတဲ့အပြင် အလှူတန်းတွေမှာ တတ်နိုင်သမျှ ပါဝင် လှူဒါန်းမှုတွေလည်း ရှိပါတယ်။ ဦးကျော်သူဟာ အသက်အရွယ်ရလာတာနဲ့အမျှ ဘာသာတရားတွေကို ကိုယ်တိုင်ကျင့်ကြံပြီး ကောင်းမှုကုသိုလ်တွေကို နေ့အစဉ်ပြုနေတာဖြစ်ပါတယ်။ ယခုမှာလည်း ဦးကျော်သူက ပရိသတ်တွေ အတွက် သူ့ရဲ့ ငယ်ငယ်က အမှတ်တရပုံလေးတွေကို မျှဝေလာခဲ့ပါတယ်။

Photo Credit - Kyaw Thu fb account
Photo Credit - Kyaw Thu fb account

ဒီပုံလေးတွေကတော့ ကလေးဘဝက ချစ်စရာကောင်းတဲ့ ပုံလေးတွေအပြင် အောင်မြင်မှုရရှိခဲ့တဲ့ ငယ်ရွယ်နုပျိုနေတုန်းက ရိုက်ထားခဲ့တဲ့ ပုံလေးတွေပဲဖြစ်ပါတယ်။ ဒါ့အပြင် ဒီပုံလေးတွေနဲ့လည်း ဦးကျော်သူက " ဒီဘဲကြီးက တစ်ချိန်ကဒီဘဲလေးပါဆိုပြီး " ရေးသားထားပါသေးတယ်။ ကဲ..ချစ်ပရိသတ်ကြီးရေ ယခုမှာတော့ ဦးကျော်သူရဲ့ ငယ်ဘဝပုံလေးတွေကို ပြန်လည်ဖော်ပြလိုက်ပါတယ်။

Photo Credit - Kyaw Thu fb account

Source - Kyaw Thu fb account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။