ပရိသတ်ကြီးရေ ဒါရိုက်တာ၊အဆိုတော်၊သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ယုန်လေးကတော့ လတ်တလောမှာဆိုရင် အလှူအတန်းတွေကို တတ်နိုင်သလောက်လုပ်ဆောင်နေတာဖြစ်ပါတယ်။ယုန်လေးက အနုပညာအလုပ်တွေနဲ့ တစ်နှစ်လောက်ဝေးကွာနေမှာဖြစ်တာကြောင့် လက်ရှိမှာတော့ အွန်လိုင်းပေါ်မှာပစ္စည်းလေးတွေကြော်ငြာပေးနေတာဖြစ်ပါတယ်နော်။ယုန်လေးဖန်တီးတဲ့သီချင်းလေးတွေကိုလည်း ပရိသတ်တွေကကြိုက်နှစ်သက်ကြလို့ အားပေးဝန်းရံကြပါတယ်နော်။

Photo Credit:Yone Lay's Facebook Account
Photo Credit:Yone Lay's Facebook Account
Photo Credit:Yone Lay's Facebook Account
Photo Credit:Yone Lay's Facebook Account

ယုန်လေးက သက်ကြီးရွယ်အိုတွေကိုလည်း အမြဲလှူဒါန်းနေပြီး မကြာသေးခင်ကလည်း လိုအပ်နေတဲ့သူတွေကို ထီလက်မှတ်တွေလိုက်ဝေပေးခဲ့တာဖြစ်ပါတယ်။သူလှူလိုက်တဲ့ ထီလက်မှတ်တွေကလည်း တစ်ချို့တစ်ဝက်ပေါက်တာကြောင့် အခုနောက်တစ်ခါလည်း ထပ်ပြီးလှူဒါန်းတာဖြစ်ပါတယ်နော်။အခုဆိုရင်တော့ ယုန်လေးက လမ်းပေါ်မှာတွေ့တဲ့သူမှန်သမျှကို ထီလက်မှတ်တွေလိုက်ဝေခဲ့တာဖြစ်ပါတယ်။

Photo Credit:Yone Lay's Facebook Account
Photo Credit:Yone Lay's Facebook Account
Photo Credit:Yone Lay's Facebook Account
Photo Credit:Yone Lay's Facebook Account

ယုန်လေးက"ကဲ Challenge တွေကြားထဲ ဒီ Challenge လေးတော့ ခေါ်မယ် .ထီ လိုက်လှူ စရာမလိုပါဘူး .ထီက မြင့်မြတ် . သင်ဇာဝင့်ကျော် . Jenny .ကိုဖိုးဝ တို့ အလှူထည့်ထားလို့ . ထီ လေးတွေ နဲ့ရောလှူတာပါ .ဒီ အချိန်မှာ လူတိုင်း အဆင်မပြေပါဘူး .ဒါပေမယ့် ကိုယ့်ထက် အဆင်မပြေတဲ့ (လူကငြိမ်နေပေမယ့် အစာအိမ်ကငြိမ်ငြိမ်နေလို့မရဘူး) Crd မင်းခိုက်စိုးစံ နည်းတာ များတာမရှိပါ နီးစပ်ရာ ကိုယ်ပတ်ဝန်းကျင်က လိုအပ်တဲ့လူတွေကိုကူတဲ့ Challenge ပါ . လူတိုင်း ကို Challenge ခေါ်ပါတယ် Tag ထားတဲ့ ညီအစ်ကို မောင်နှမများ ပိုပြီး Accept လုပ်စေချင်ပါတယ် . အားလုံး Peace"ဆိုပြီး ရေးသားမျှဝေလာတာဖြစ်ပါတယ်နော်။

Photo Credit:Yone Lay's Facebook Account
Photo Credit:Yone Lay's Facebook Account
Photo Credit:Yone Lay's Facebook Account
Photo Credit:Yone Lay's Facebook Account

Source&Photo Credit:Yone Lay's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။