အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အသင်း၏နည်းပြဖြစ်သူ အာစင်ဝင်းဂါးသည် အကယ်၍ အသင်း၏တိုက်စစ်မှူးဆန်းချက်ကိုရောင်းထုတ်ခံရမည် ဆိုလျှင် မန်ချက်စတာစီးတီးသို့ ရောင်းမည်မဟုတ်ကြောင်းသိရှိရသည်။
အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အသင်း၏နည်းပြဖြစ်သူ အာစင်ဝင်းဂါးသည် အသင်း၏အဓိကကစားသမားများကို မတက်သာ၍ရောင်းရသည့်အခြေအနေရောက်လာလျှင် လိဂ်ပြိုင်ဘက်တွေထက် အင်္ဂလန်ပြင်ပအသင်းများထံသာရောင်းချမည်ဟုသိရသည်။
အာဆင်နယ်အသင်း၏တိုက်စစ်မှူး အလက်ဆစ်ဆန်းချက်သည် အာဆင်နယ်အသင်းနှင့် လစာကိစ္စအဆင်မပြေကာ အာဆင်နယ်အသင်းမှထွက်ခွာလိုနေသည့် ကစားသမားဖြစ်ပြီး အာဆင်နယ်နှင့်စာချုပ်မှာလည်းတစ်နှစ်သာကျန်တော့သည်။
Hein
သတင်းအရင်းမြစ် Mirror
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။