မင်းသားချောလေး အလင်းရောင်ကတော့ တည်ကြည်ခန့်ညားတဲ့ရုပ်ရည်နဲ့ အရမ်းကိုချောမောနေတာကြောင့် ပျိုမဒီလေးတွေက ဝိုင်းဝိုင်းလည်အောင် အားပေးနေရတာပဲ ဖြစ်ပါတယ်။ အနုပညာလောကမှာ နေရာတစ်နေရာရရှိပြီး အောင်မြင်စွာ ရပ်တည်နေတဲ့ အလင်းရောင်က ရုပ်ရှင်ဇာတ်ကားကြီးတွေအများအပြား ရိုက်ကူးခဲ့ရတာ ဖြစ်ပါတယ် ။ ဒါ့အပြင် အလင်းရောင်ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း အတော်လေးကို လူကြိုက်များအောင်မြင်ခဲ့တာ ဖြစ်ပါတယ် ။

Photo Credit- "ALINNYAUNG" FB Page & NAY DARGAY
Photo Credit- "ALINNYAUNG" FB Page
Photo Credit- "ALINNYAUNG" FB Page

အလင်းရောင်က ကျရာဇာတ်ရုပ်မရွေး သဘာဝကျပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့အထိ အရည်အချင်းရှိသူလည်း ဖြစ်ပါတယ် ။ သရုပ်ဆောင်တော်တဲ့ အလင်းရောင်ကအသံလည်းကောင်းပြီး တေးသီချင်းကောင်းလေးတွေကိုပါ ဖန်တီးသီဆို‌နေတာလည်း ဖြစ်ပါတယ် ။ ပရိသတ်တွေအတွက် သူ့ရဲ့လှုပ်ရှားမှုလေးတွေကို အမြဲတမ်းမျှဝေပေးလေ့ရှိတဲ့ အလင်းရောင်က အခုလည်း Tik Tok ဗီဒီယိုအသစ်လေးတစ်ခုကို ကြိုးစားပမ်းစား ရိုက်ကူးခဲ့တာ ဖြစ်ပါတယ် ။

Photo Credit- "ALINNYAUNG" FB Page
Photo Credit- "ALINNYAUNG" FB Page
Photo Credit- "ALINNYAUNG" FB Page

ဒီဗီဒီယိုလေးမှာတော့ အလင်းရောင်က စတိုင်လ်အပြည့်နဲ့ ရှိုးထုတ်ရင်း ကုတင်ပေါ်က ပြုတ်ကျခဲ့ရတာပဲ ဖြစ်ပါတယ် ။ ဒါကြောင့် အလင်းရောင်က " TikTok ဆော့ပါဆိုလို့ ကြိုးစားကြည့်တာပဲ အဲ့လိုဖြစ်သွားတယ် " ဆိုပြီး အလွဲလေးတွေဖြစ်ခဲ့ရတဲ့ သူ့ရဲ့ဗီဒီယိုလေးကို တင်ပေးထားတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသားချောလေး အလင်းရောင်ရဲ့အခွီ Tik Tok ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit- "ALINNYAUNG" FB Page

Photo Credit- "ALINNYAUNG" FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။