မိတ်ကပ်ဖန်တီးရှင်တစ်ယောက်အဖြစ် ဆယ်စုနှစ်ကျော်တိုင်အောင် အောင်မြင်ကျော်ကြားနေသူကတော့ Make-Up Artist ညီညီမောင်(စမ်းချောင်း) ပဲ ဖြစ်ပါတယ်။ သူမဟာ မိန်းကလေးတိုင်းကို အလှပဆုံးပြင်ဆင်ခြယ်သပေးတာကြောင့် မိန်းကလေးပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက် ရရှိထားတာပါ။ သုသုရဲ့ ဖြူစင်တဲ့ စိတ်ထားလေးကြောင့်လည်း အနုပညာရှင်များကတောင် ချစ်နေကြတာလည်း ဖြစ်ပါတယ်။

Photo Crd- Nyi Nyi Maung’s Facebook Account
Photo Crd- Nyi Nyi Maung’s Facebook Account
Photo Crd- Nyi Nyi Maung’s Facebook Account

သုသုဟာ ရုပ်ရှင်ဇာတ်ကားကြီးများနဲ့ ကြော်ငြာတွေကို လက်မလည်အောင် ရိုက်ကူးနေရတဲ့ အနုပညာရှင်တစ်ယောက်အဖြစ်နဲ့ပါ ရပ်တည်လျက် ရှိနေတာလည်း ဖြစ်ပါတယ်။ သူမဟာ လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုတွေ မရှိသေးဘဲ အိမ်မှာဘဲ အနားယူနေတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေ အပျင်းပြေစေရန်လည်း Tik Tok လေးတွေ ဆော့ကစားကာ တင်ပေးနေတာလည်း ဖြစ်ပါတယ်။

Photo Crd- Nyi Nyi Maung’s Tik Tok Account
Photo Crd- Nyi Nyi Maung’s Tik Tok Account
Photo Crd- Nyi Nyi Maung’s Tik Tok Account

မကြာသေးခင် မိနစ်ပိုင်းလောက်ကလည်း သုသုရဲ့ Tik Tok အကောင့်မှာ ဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ကိုယ်ဝန်ဆောင်သည်ပုံစံမျိုးဝတ်ဆင်ထားပြီးအခွီကကွက်လေးတွေနဲ့ မရိုးရအောင် ကပြနေတဲ့ သုသုရဲ့Tik Tok Video လေးပဲ ဖြစ်ပါတယ်။ ကဲ ပရိသတ်ကြီးလည်း ကြည့်ရှုခံစားနိုင်အောင် သုသုရဲ့ ဗီဒီယိုလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Nyi Nyi Maung’s Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။