အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် ချယ်ဆီးအသင်းသည် ၂၀၁၄-၁၅ခုနစ်ကနေယခု ၂၀၁၇-၁၈ဘောလုံးအပြောင်းအရွှေ့ထိ အသင်း၏ကစားသမားများရောင်းချမှုမှာ ငွေကြေးပေါင်သန်း၃၃၅.၂သန်းရရှိထားပါတယ်။

ထို့အပြင် လက်ရှိ်ပရီးမီးယားလိဂ်အမှတ်ပေးဖလားချန်ပီယံ ချယ်ဆီးအသင်းအနေနှင့် လွန်ခဲ့တဲ့၃နှစ်အတွင်း အသင်းအတွက်၁ဝပွဲပြည့်အောင်ကစားခွင့်မရှိခဲ့တဲ့ ကစားသမားများရောင်းချမှုကနေ ပေါင်သန်း၁ရာကျော်ရရှိခဲ့ပါတယ်။

သို့သော် ယခုအခါချယ်ဆီးကထွက်ပြီးမှ ခြေစွမ်းကောင်းလာသောကစားသမားများဖြစ်သည့် ဆာလာ၊ဒီဘရိုင်းတို့၏ပြောင်းရွှေ့ကြေးများမှာ မြင့်မားလျက်ရှိသည့်အပြင် ယခုချယ်ဆီးနည်းပြ ကွန်တီခေါ်ယူရန်ကြိုးစားလျက်ရှိသော လုကာကူမှာလဲ ချယ်ဆီးအနေနှင့်အမှားမှအတုယူရမည့် ရောင်းချခံမှုများဖြစ်သည်။

Hein 

သတင်းအရင်းမြစ် The Daily Mail Sport

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။