ချစ်ရတဲ့ ပရိသတ်ကြီးရေ... သရုပ်ဆောင် မင်းသမီးချောလေး ပိုင်ဖြိုးသုကတော့ အနုပညာလမ်းကြောင်းထက်မှာ အောင်မြင်မှုများစွာ ရရှိထားပြီး မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတွေထဲမှာ တစ်ယောက်အပါအဝင်ပဲ ဖြစ်ပါတယ်။ ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်အားပေးမှုကို အခိုင်အမာရရှိထားတဲ့ သူမက အကယ်ဒမီဆုကိုလည်း ထိုက်ထိုက်တန်တန်ရရှိထားတဲ့ သူလည်း ဖြစ်ပါတယ်။
အိမ်ထောင်ပြုပြီးနောက်ပိုင်းမှာလည်း အနုပညာလှုပ်ရှားမှုတွေကို ကြိုးစားလုပ်ကိုင်နေတဲ့ သူမက ခင်ပွန်းရဲ့ ဂရုစိုက် အလိုလိုက်မှုကို အပြည့်အဝရရှိထားသူပါ။ လက်ရှိမှာတော့ သရုပ်ဆောင် မင်းသမီးချောလေး ပိုင်ဖြိုးသုက ကြော်ငြာလေးတွေနဲ့ Photo shooting တွေကိုသာ လက်ခံရိုက်ကူးနေပြီး ကပ်ရောဂါကြောင့် ကားရိုက်တွေကို ရပ်နားထားတာလည်း ဖြစ်ပါတယ်။
ယနေ့မှာတော့ ပိုင်ဖြိုးသုက လွမ်းနေတဲ့ ပရိသတ်တွေအတွက် ပုံရိပ်အလှလေးတွေကို သူမရဲ့ လူမှုကွန်ယက် စာမျက်နှာထက်မှာ တင်ပေးလာတာပဲ ဖြစ်ပါတယ်။ အသည်းယားစရာကောင်းလွန်းတဲ့ ဟန်ပန်လေးနဲ့ ရှေးခေတ်က ပုံလေးအပြင် " 2020ကြီးကိုစိတ်ကုန်လွန်းလို့ခေတ်ဟောင်းကိုသာပြန်သွားချင်နေမိရှာသူ မမသုသု " ဆိုပြီး ရိုက်ကူးထားတာဖြစ်လို့ ကြည့်မိသူတိုင်း အချစ်ပိုမိစေမှာ အသေအချာပဲဖြစ်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော် ။
Photo credit - Aung Kyaw Tun(Visual Design)
Source - Paing Phyo Thu's Facebook Page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။