အဆိုတော် R ဇာနည်ကတော့ ဂီတလောကမှာ နှစ်အတော်ကြာအောင် နာမည်တစ်လုံးနဲ့အောင်မြင်နေသူဖြစ်ပြီး အားလုံးရဲ့ချစ်ခင်လေးစားမှုကို ရရှိထားတာ ဖြစ်ပါတယ် ။ ချစ်ဇနီးနဲ့ အိမ်ထောင်ကျပြီး သာယာချမ်းမြေ့တဲ့ မိသားစုဘဝလေးကို တည်ဆောက်ခဲ့တဲ့ R ဇာနည်တစ်ယောက် အခုဆိုရင် သားသမီးတွေလည်း ရရှိနေပြီဖြစ်ပါတယ် ။ R ဇာနည်က ချစ်စရာကောင်းတဲ့သားလေးနှစ်ယောက်နဲ့ အသက်လေးလကျော်အရွယ်သာရှိသေးတဲ့ သမီးချောလေးတစ်ယောက်ကိုပါ ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ် ။

Photo Credit-Zarni Myo Nyunt's FB Acc
Photo Credit-Zarni Myo Nyunt's FB Acc
Photo Credit-Zarni Myo Nyunt's FB Acc

ကလေးသုံးယောက်ရဲ့ဖခင်ဖြစ်တဲ့ R ဇာနည်ကတော့ အိမ်ထောင်ဦးစီးပီပီ မိသားစုအပေါ်မှာ အပြည့်အဝစောင့်ရှောက်ပေးနေတာလည်း ဖြစ်ပါတယ် ။ သားသမီးတွေကို ဂရုတစိုက်ချစ်တတ်တဲ့ ဖေဖေ R ဇာနည်က အခုလည်း ကလေးတွေပျော်ရအောင် စီစဥ်ပေးလိုက်တာ ဖြစ်ပါတယ် ။ R ဇာနည်က လက်ရှိ Stay At Home ကာလမှာ အပြင်မထွက်ရတဲ့ကလေးတွေအတွက် အိမ်မှာပဲပျော်ပျော်ပါးပါး ရေကစားလို့ရအောင် ဖန်တီးပေးလိုက်တာပဲ ဖြစ်ပါတယ် ။

Photo Credit-Zarni Myo Nyunt's FB Acc
Photo Credit-Zarni Myo Nyunt's FB Acc
Photo Credit-Zarni Myo Nyunt's FB Acc

ဒါ့အပြင် ဖေဖေ R ဇာနည်က ချစ်စရာကောင်းတဲ့သားလေးနှစ်ယောက်နဲ့အတူ ဓာတ်ဖမ်းပြီး ပုံလေးတွေကို တင်ထားတာလည်း ဖြစ်ပါတယ် ။ ချစ်ချစ်တုန်နဲ့ ဖစ်ဖစ်တုန်တို့ညီအစ်ကိုနှစ်ယောက်ကတော့ ဖေဖေလုပ်ပေးထားတဲ့ လေထိုးရေကူးကန်လေးတွေထဲမှာ ရေကစားရင်း အပန်းဖြေနေကြတာပဲ ဖြစ်ပါတယ် ။ ကဲ အရမ်းကိုအားကျချင်စရာကောင်းတဲ့ R ဇာနည်တို့မိသားစုရဲ့ပုံရိပ်လေးတွေကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit-Zarni Myo Nyunt's FB Acc

Photo Credit-Zarni Myo Nyunt's FB Acc
Photo Credit-Zarni Myo Nyunt's FB Acc
Photo Credit-Zarni Myo Nyunt's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။