ပရိသတ်တွေအတွက် ဒီတစ်ခေါက်မှာတော့ ကြိုးဝိုင်းတွေထဲက fighter မလေး Juli Firso ရဲ့အကြောင်းလေးကို ဖော်ပြပေးချင်ပါတယ်။

Juli Firso ဟာ 1995 ခုနှစ် 3 လပိုင်း 29 ရက်နေ့မှာ မွေးဖွားခဲ့တဲ့ Russia နိုင်သူတစ်ဦးပဲ ဖြစ်ပါတယ်။

Juli ဟာ fighter မဖြစ်ခင်က fashion and beauty consultant တစ်ဦးဖြစ်သလို ကမ္ဘာအနှံ့က အကသင်တန်းတော်တော်များများကိုတက်ရောက်ခဲ့သူတစ်ဦးပဲ ဖြစ်ပါတယ်။

ဒါ့အပြင် Juli Firso ဟာ အောင်မြင်နေတဲ့ model တစ်ဦးဖြစ်ပြီး top search list စာရင်းထဲမှာတောင် ဝင်ခဲ့ဖူးသူတစ်ဦးပဲ ဖြစ်ပါတယ်။

Photo credit - Juli Firso instagram
Photo credit - Juli Firso instagram
Photo credit - Juli Firso instagram

Fighting ကိုတော့ Juli ဟာ သူမထိုင်းမှာရှိနေတဲ့အချိန် boxing class တစ်ခုမှာ ဓာတ်ပုံရိုက်ရာကနေစပြီး စိတ်ဝင်စားလာခဲ့တာပဲဖြစ်ပါတယ်။

အဲ့ဒီနောက်မှာတော့ Juli ဟာ boxing ကိုတဖြေးဖြေးပိုစိတ်ဝင်စားလာခဲ့ပြီး လေ့လာသင်ယူကာ သူမရဲ့ ပထမဆုံး ယှဥ်ပြိုင်မှုကိုစတင်ခဲ့ပေမယ့် ၄င်းပွဲစဥ်မှာ အသေအကြေထိုးကြိတ်ခံခဲ့ရပါတယ်။

သို့ပေမယ့် ဒါဟာ Juli အတွက် ပိုပြီး ကျန်းမာသန်စွမ်းတဲ့ပုံစံတစ်ခုနဲ့ ပြန်လာဖို့အတွက် motivate ဖြစ်စေခဲ့ပါတယ်။

Photo credit - Juli Firso instagram
Photo credit - Juli Firso instagram
Photo credit - Juli Firso instagram

အဲ့ဒီနောက်မှာတော့ Juli ဟာ Muay Thai,kickboxing နဲ့ jiu-jitsu တို့ကို လေ့လာသင်ကြားခဲ့ပြီး ပြိုင်ပွဲပေါင်းများစွာကို ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပါတယ်။

Juli ဟာ လက်ရှိအချိန်ထိဆိုရင်လည်း ဆုတံဆိပ်ပေါင်းများစွာကို ရရှိထားပြီး သူမရဲ့ရုပ်ရည်လေးကြောင့်လည်း နိုင်ငံတော်တော်များများမှာ ပရိသတ်တွေများစွာ ရရှိထားသူတစ်ဦးပဲ ဖြစ်ပါတယ်။

Juli ရဲ့အကြောင်းလေးကိုလည်း ဖော်ပြရင်း သူမကိုယ်တိုင်တင်ထားတဲ့ ကြိုးဝိုင်းထဲမှာ ယှဥ်ပြိုင်ထိုးသတ်​နေတဲ့ ဗီဒီယိုလေးတစ်ခုကိုပါ ဖော်ပြပေးလိုက်ပါတယ်။

Photo credit - Juli Firso instagram
Photo credit - Juli Firso instagram
Photo credit - Juli Firso instagram

Source -Everipedia and Juli Firso instagram

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။