မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးကြီးဖြစ်တဲ့ ခိုင်သင်းကြည်ကိုတော့ ချစ်ပရိသတ်ကြီးရဲ့ ရင်ထဲမှာအမြဲရှိနေမှာပါ။မခိုင်လို့ အများက ချစ်စနိုးခေါ်ကြတဲ့ ခိုင်သင်းကြည်ကတော့ စွယ်စုံရ မင်းသမီးဖြစ်ကာ ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင် အကောင်းဆုံး သရုပ်ဆောင်နိုင်တာကြောင့် အကယ်ဒမီဆုတွေ ပိုင်ဆိုင်ထားကာ ပရိသတ်များစွာရဲ့ အားပေးမှုကို အခိုင်အမာရထားတာလည်းဖြစ်ပါတယ်။

Photo Credit : Khine Thin Kyi Facebook Page
Photo Credit : Khine Thin Kyi Facebook Page

မခိုင်ကတော့ သူမတင် ထူးချွန်သာမကဘဲ သမီးလေးဖြစ်သူ စံထိပ်ထားကိုပါ လက်တွဲခေါ်နိုင်သူလည်းဖြစ်ပါတယ်။မခိုင်လေးကတော့ သူရဲ့ အနုပညာ လှုပ်ရှားမှုပုံရိပ်များကို ဖေ့ဘွတ်ပေါ်တွင် ဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ်။လတ်တလောမှာတော့ လူငယ်ဆန်ဆန်ဖက်ရှင်လေးနဲ့နုပျိုလှပလွန်းနေတဲ့ အမိုက်စားပုံလေးတွေကို သူရဲ့ ဖေ့ဘွတ်စာမျက်နှာပေါ်တွင်ဖော်ပြထားတာတွေ့ရပါတယ်။

Photo Credit : Khine Thin Kyi Facebook Page
Photo Credit : Khine Thin Kyi Facebook Page

ပုံလေးတွေတိုင်းမှာ အရမ်းချစ်ဖို့ကောင်းနေတာကြောင့် ပရိသတ်တွေ အချစ်ပိုစေမှာ အမှန်ပဲဖြစ်ပါတယ်။ အခုချိန်ထိကို နုပျိုလှပနေတာလည်း မခိုင်လေးရဲ့ အလှတရား လျှို့ဝှက်ချက်တစ်ခုပဲဖြစ်ပါတယ်။မခိုင်လေး ကတော့ ချစ်စရာကောင်းပြီး ပွင့်ပွင်းလင်းလင်းပြောဆိုတတ်တဲ့ ဟန်ပန်လေးတွေကြောင့် ပရိသတ်တွေ အချစ်ပိုနေကြတာလည်းဖြစ်ပါတယ်။ကဲ.....ချစ်ပရိသတ်ကြီးတွက် မခိုင်လေးရဲ့ ပုံရိပ်လေးတွေကို ကြည့်ရှုနိုင်စေရန် မျှဝေပေးလိုက်ပါတယ်။

Photo Credit : Khine Thin Kyi Facebook Page
Photo Credit : Khine Thin Kyi Facebook Page

Source & Photo Credit : Khine Thin Kyi Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။