ပရိသတ်ကြီးရေ.. ရယ်စရာလေးတွေအပြင် မပွတ်ကျွတ်ဆိုတဲ့ ဇာတ်ကောင်နာမည်လေးနဲ့ ဆယ်စုနှစ်တွေကတည်းက ယနေ့အချိန်ထိ ပရိသတ်တွေရင်ထဲ စိုးမိုးနေရာယူထားသူလေးကတော့ အကယ်ဒမီမင်းသမီးချော ခိုင်သင်းကြည်ပဲ ဖြစ်ပါတယ်နော်..။

အောင်မြင်မှုတွေအခိုင်အမာနဲ့ အနုပညာလမ်းကြောင်းမှာ လျှောက်လှမ်းနေတဲ့ မခိုင်လေးကတော့ ချစ်စရာသမီးလေးနဲ့အတူ ကြည်နူးအားကျစရာ မိသားစုဘဝလေးကို ပိုင်ဆိုင်ဖြတ်သန်းနေတာလည်း ဖြစ်ပါတယ်နော်..။

Photo Credit - Khine Thin Kyi's Fb Account
Photo Credit - Khine Thin Kyi's Fb Account
Photo Credit - Khine Thin Kyi's Fb Account
Photo Credit - Khine Thin Kyi's Fb Account

ပရိသတ်ကြီးတို့ရဲ့ အချသ်တော် မခိုင်လေးကတော့ ဒီကနေ့မှာကျရောက်တဲ့ သူမရဲ့မွေးနေ့လေးအတွက် အိမ်မှာ Stay Home နေရင်း မိသားစုတွေနဲ့အတူ မွေးနေ့ပါတီလေး လုပ်ကာ ကြည်နူးပျော်ရွှင်စွာ ဖြတ်သန်းခဲ့ပါတယ်နော်..။

မိသားစုတွေနဲ့အတူ ပျော်စရာကောင်းလွန်းတဲ့ မွေးနေ့အမှတ်တရလေးတွေကိုလည်း မခိုင်လေးက ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေထားပါသေးတယ်နော်..။

Photo Credit - Khine Thin Kyi's Fb Account
Photo Credit - Khine Thin Kyi's Fb Account
Photo Credit - Khine Thin Kyi's Fb Account
Photo Credit - Khine Thin Kyi's Fb Account
Photo Credit - Khine Thin Kyi's Fb Account

"မွေးနေ့ အမှတ်တရပုံလေးတွေ တင်မယ်နော်

ဒီနှစ်မွေးနေ့ကတော့ ထူးထူးခြားခြား stay home ကာလဆိုတော့ဘုရားလည်းမသွားရ ချစ်တဲ့သူတွေနဲ့လည်း မတွေ့ရဘူးလေ

အိမ်တွင်းမွေးနေ့ ပါတီလေးမှာတော့“Thing 4 U “ က မွေးနေ့လက်ဆောင်ပို့ပေးတဲ့ ပစ္စည်းလေးတွေကို ထိပ်လေးနဲ့ ဦးခန့်နိုင်တို့နှစ်ယောက် decoration ပြင်ဆင်ကြပါတယ်

ကပ်ကြီးပြီးမှ ထပ်ပြီးချစ်ကြပါမယ်ရှင့်.." ဆိုပြီး အမှတ်တရလေးတွေကို ဝေမျှထားတာပါ..။

အိမ်မှာပဲ Stay Home နေရင်း မိသားစုတွေနဲ့သာ မွေးနေ့ပွဲလေး ကျင်းပပြုလုပ်ခဲ့တဲ့ မခိုင်လေးရဲ့ မွေးနေ့အမှတ်တရလေးတွေကိုလည်း ပရိသတ်တွေ သဘောကျနေကြမှာပါနော်..။

Photo Credit - Khine Thin Kyi's Fb Account
Photo Credit - Khine Thin Kyi's Fb Account
Photo Credit - Khine Thin Kyi's Fb Account
Photo Credit - Khine Thin Kyi's Fb Account
Photo Credit - Khine Thin Kyi's Fb Account

Source & Photo Credit - Khine Thin Kyi's Fb Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။