ချစ်ရတဲ့ ပရိသတ်ကြီးရေ...အိမ်ထောင်ပြုပြီးသည့်တိုင် အနုပညာလှုပ်ရှားမှုတွေကို ဆက်တိုက်လုပ်ကိုင်လျက်ရှိတဲ့ သရုပ်ဆောင် မင်းသမီးချောလေး သက်မွန်မြင့်ကတော့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတစ်လက်ပါနော်။ ချစ်သက်လေးလို့ အများက ချစ်စနိုးနဲ့ခေါ်ကြတဲ့ သူမက ရုပ်ရှင်ဇာတ်ကားကြီးတွေများစွာကို ရိုက်ကူးထားပြီး အကယ်ဒမီဆုတွေကိုလည်း ထိုက်ထိုက်တန်တန်ရရှိထားတာပါ။ 

Photo credit - Thet Mon Myint's Facebook Page
Photo credit - Thet Mon Myint's Facebook Page

ဆယ်ကျော်သက်အရွယ်ထဲက အနုပညာလှုပ်ရှားမှုတွေကို စတင်လုပ်ကိုင်ခဲ့တဲ့ ချစ်သက်က ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကိုလည်း အပြည့်အဝရရှိထားသူပါ။ ဒါ့အပြင် အိမ်ထောင်ရေးမှာလည်း စိတ်ချမ်းသာပျော်ရွှင်ရတဲ့ ချစ်သက်က မကြာခဏဆိုသလို မိသားစု ကြည်နူးစရာပုံရိပ်လေးတွေကို လူမှုကွန်ယက် စာမျက်နှာထက်မှာ ဝေမျှပေးလေ့ရှိသူပါ။

Photo credit - Thet Mon Myint's Facebook Page
Photo credit - Thet Mon Myint's Facebook Page
Photo credit - Thet Mon Myint's Facebook Page

ယနေ့မှာတော့ ခင်ပွန်းသည်နဲ့အတူ ကလောမြို့ရဲ့ အလှအပ ရှုခင်း​တွေကို ခံစားရင်း ကြည်ကြည်နူးနူး ဓာတ်ဖမ်းထားတဲ့ Romantic ဆန်ဆန်ပုံရိပ်လေးတွေကို တင်ပေးလာတာပဲ ဖြစ်ပါတယ်။ ပုံလေးတွေအပြင် " Covid second wave မဖြစ်ခင် ကလောသွားရတုန်းက လွမ်းတယ် ခရီးသွားချင်ပေမယ့် အိမ်မှာနေတာ အကောင်းဆုံး အချိန်ဆိုတော့ အိမ်မှာနေ ပုံဟောင်းလေးတွေ ကြည့်ကြတာပေါ့ ကမ္ဘာကြီး ကျန်းမာရင် ခရီးတွေ ပြန်ထွက်ကြမယ် " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာဖြစ်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်.... ။

Photo credit - Thet Mon Myint's Facebook Page
Photo credit - Thet Mon Myint's Facebook Page
Photo credit - Thet Mon Myint's Facebook Page
Photo credit - Thet Mon Myint's Facebook Page

Photo credit - Thet Mon Myint's Facebook Page

Source - Thet Mon Myint's Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။